
အခုတစ်ခေါက်မှာတော့ ၂၀၂၂ ခုနှစ်ကမှလောလောလတ်လတ်ထွက်ရှိထားတဲ့ comedy/adventure cartoon ကားလေး Hotel Transylvania: Transformania ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒရက်ခ်ဟာ အယ်ရစ်ကာနဲ့ ချစ်မိသွားပြီးတဲ့နောက် ဟိုတယ်ကို မေးဗစ်စ်တို့ကိုပေးခဲ့ပြီး အနားယူဖို့စီစဉ်ခဲ့ပါတယ် ဒါပေမဲ့ ဂျော်နီရဲ့တလွဲလုပ်တတ်တဲ့အကျင့်ကြောင့် စိတ်မချနိုင်ဖြစ်ပြီး မွန်းစတားမဟုတ်ရင် ဟိုတယ်ကိုလွှဲပေးလို့ မရဘူးဆိုပြီး လိမ်ပြောခဲ့ပါတယ် ဒါကြောင့်ဂျော်နီက ဗန်ဟေလ်ဆင်ရဲ့အကူအညီနဲ့ မွန်းစတားအဖြစ်ပြောင်းခဲ့ပါတယ် ကံဆိုးစွာနဲ့ပဲ ဂျော်နီက မွန်းစတားဖြစ်ပြီး ဒရက်ခ်တို့သူငယ်ချင်းတစ်စုကတော့ လူသားအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ် အဲဒါကိုပြန်ပြုပြင်နိုင်တဲ့ခရစ္စတယ်ကိုရှာဖို့ ဒရက်ခ်နဲ့ဂျော်နီတို့နှစ်ယောက် တောင်အမေရိကကိုထွက်လာခဲ့ပါတယ် သူတို့ခရစ္စတယ်ကိုရှာတွေ့ပါ့မလား?သူတို့ရဲ့စွန့်စားခရီးစဉ်မှာရော ဘာအလွဲလေးတွေကြုံရမလဲ?ဆိုတာတော့ဇာတ်ကားထဲမှာပဲကြည့်ရှူလိုက်ပါ IMDb ratingကတော့ 6.1/10ရရှိထားပါတယ်
Movies Name | Website Page Link |
---|---|
Hotel Transylvania (2012) | Click Here |
Hotel Transylvania 2 (2015) | Click Here |
Hotel Transylvania 3 Summer Vacation (2018) | Click Here |
Monster Pets A Hotel Transylvania Short Film (2021) | Click Here |
Hotel Transylvania Transformania (2022) | Click Here |
Good
nice