
အခုတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hotel Transylvania 3 summer vacation ဆိုတဲ့ နာမည်ကြီး comedy film ကာတွန်းကားလေးပဲဖြစ်ပါတယ် ဒန်းနစ်လေး မွန်းစတားဖြစ်သွားပြီးနောက်မှာတော့ မေးဗစ်စ်တို့မိသားစုဟာ ဒရက်ခ်နဲ့အတူ ဟိုတယ် မှာပဲနေပြီး ဒရက်ခ်ကိုကူညီလုပ်ကိုင်ပေးနေပါတယ် တစ်နေ့မှာတော့ မေးဗစ်စ်ဟာ မိသားစုအပျော်ခရီးလေးထွက်ချင်တဲ့အတွက် ဟိုတယ်က မွန်းစတားတွေအားလုံးကိုခေါ်ပြီး ပင်လယ်အပျော်စီးသင်္ဘောနဲ့ ခရီးထွက်လာခဲ့ပါတယ် သင်္ဘောကပ္ပတိန် အယ်ရစ်ကာဆိုတဲ့အမျိုးသမီးကို ဒရက်ခ် မြင်မြင်ချင်းချစ်မိသွားပါတော့တယ် ဒါပေမဲ့ အယ်ရစ်ကာဟာ မွန်းစတားတွေကိုမုန်းနေတဲ့ ဗန်ဟယ်လ်ဆင်မျိုးဆက်လူသားတစ်ယောက် ဖြစ်ပြီး ဒရက်ခ်ကိုသတ်ဖို့အကြံနဲ့ ချဉ်းကပ်လာသူပါ အယ်ရစ်ကာကရော ဒရက်ခ်ကို ပြန်ပြီးချစ်မိသွားမှာလား? သူတို့ရဲ့နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ အတ္တလန်တစ်မှာရော ဘယ်လိုတွေကြုံရမလဲ ဆိုတာတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါ
IMDb rating က 6.3/10 ရရှိထားတဲ့ ကာတွန်းကားကောင်းလေးတစ်ကားပါ
Movies Name | Website Page Link |
---|---|
Hotel Transylvania (2012) | Click Here |
Hotel Transylvania 2 (2015) | Click Here |
Hotel Transylvania 3 Summer Vacation (2018) | Click Here |
Monster Pets A Hotel Transylvania Short Film (2021) | Click Here |
Hotel Transylvania Transformania (2022) | Click Here |