
ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ monster comedy animation ကားလေး Hotel Transylvania 2 ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ် Hotel Transylvania 1 မှာ တွေ့ခဲ့ကြတဲ့ မေးဗစ်စ်နဲ့ ဂျော်နီဟာလက်ထပ်လိုက်ပြီး ဒန်းနစ်ဆိုတဲ့ သားလေး မွေးဖွားခဲ့ပါတယ် ဒန်းနစ်ဟာ အသက်၅ နှစ်ပြည့်ခါနီးအထိ အစွယ်မပေါက်သေးတာကြောင့် သွေးစုတ်ဖုတ်ကောင်ဖြစ်ပါ့မလားဆိုတာကို ဖိုးဖိုးဒရက်ခ် တစ်ယောက် စိုးရိမ်မိပါတော့တယ် ဒါကြောင့် မေးဗစ်စ်နဲ့ဂျော်နီတို့ကို ခရီးထွက်ခိုင်းပြီး သူ့ရဲ့မွန်းစတားသူငယ်ချင်းတွေနဲ့အတူ ဒန်းနစ်ကိုခေါ်ပြီး မွန်းစတားဖြစ်အောင်လေ့ကျင့်ပေးဖို့ကြိုးစားပါတော့တယ် ဒန်းနစ်ရဲ့ ငါးနှစ်ပြည့်မွေးနေ့မှာတော့ ဒရက်ခ်ရဲ့အဖေဖြစ်သူ ဗလက်ရောက်လာခဲ့ပါတယ် မေးဗစ်စ်ကလူသားနဲ့လက်ထပ်ထားမှန်းမသိခဲ့တဲ့ ဗလက်ကရော လူးသားသွေးတစ်ဝက်ရောနေတဲ့ဒန်းနစ်လေးကို လက်ခံနိုင်ပါ့မလား? ဖိုးဖိုးဒရက်ခ်နဲ့ ဒန်းနစ်လေးတို့ရဲ့ လေ့လာရေးခရီးစဉ်ကရော ဘယ်လိုအလွဲလေးတွေနဲ့ကြုံရမလဲ? ဆိုတာတော့ ဇာတ်လမ်း လေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ IMDb rating 6.7/10 ရရှိထားတဲ့အတွက် hotel Transylvania fan လေးတွေကြိုက်နှစ်သက်မယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်
Movies Name | Website Page Link |
---|---|
Hotel Transylvania (2012) | Click Here |
Hotel Transylvania 2 (2015) | Click Here |
Hotel Transylvania 3 Summer Vacation (2018) | Click Here |
Monster Pets A Hotel Transylvania Short Film (2021) | Click Here |
Hotel Transylvania Transformania (2022) | Click Here |