
VIP ရုပ်ရှင်ပွဲဦးထွက်တစ်ခုအပြီးမှာ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားကြီး ဟွမ်ဂျောင်မင်းက လူရမ်းကားတစ်သိုက်ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ် သူလွတ်မြောက်ဖိုလမ်းစရှာနေစဉ်မှာပဲ သူ့ရဲ့ပြန်ပေးသမားတွေကအတော်များတဲ့ ပြန်ပေးငွေပမာဏကို ၂၄ နာရီအတွင်း ပေးရမယ်ဆိုပြီး တောင်းလိုက်တယ် ပထမအစမှာတော့ နောက်ပြောင်ပြီးရိုက်ကူးရေးလုပ်နေတယ်ထင်ခဲ့ပေမယ့် တကယ်ကြုံလိုက်ရတဲ့ အဖြစ် အပျက်က သူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲကထက် ပိုရက်စက်ပိုပြင်းထန်တဲ့ အခြေအနေမျိုးကိုကြုံတွေ့လိုက်ရတဲ့အခါ ပြည်သူ့ အချစ်တော်မင်းသားကြီး ဟွမ်ဂျောင်မင်းတစ်ယောက် ဒီရာဇဝတ်ကောင်တွေရဲ့လက်ထဲကနေ လွတ်မြောက်ဖို ဘယ်လိုကြံစည်မလဲ ကြိုးစားမလဲ ဆိုတာကိုတော့ ဒီ Hostage:Missing Celebrityဆိုတဲ့ ဇာတ်ကားကြီးမှာ ကြည့်ရှုခံစားနိုင်ပါပြီ ဒီဇာတ်ကားကြီးဟာ အခု Korean Box Office မှာ Sinkhole ကိုကျော်ပီး No.1 နေရာတောင်ရောက်နေတာဆိုတော့ လက်လွှတ်မခံသင့်ပဲကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလိုပဲ ညွှန်းလိုက် ပါရစေ ဒီဇာတ်ကားမှာတော့ နာမည်ကျော်ရုပ်ရှင်မင်းသားကြီး ဟွမ်ဂျောင်မင်းက အဓိကပါဝင်သရုပ်ဆောင်ထားပြီး Cast တွေအကုန်လုံးက လည်း အပိုအလိုမရှိထိမိအောင် အားဖြည့်ထားတာမို အမြန်လေးသွားကြည့်ဖို့ တိုက်တွန်းလိုက်ပြီနော်