
ချစ်စရာကောင်းပြီး ကြင်နာတတ်သလို ပေါက်တတ်ကရတွေလည်း လုပ်တတ်တဲ့ ကျွန်မတို့ရဲ့ အချစ်တော် ဆင်ကလေး Horton ဟာ နူးလ် တောအုပ်ကြီးထဲက ကလေးငယ်လေးတွေကို ပညာတွေသင်ပေးရင်း ပျော်ရွှင်စွာနေထိုင်ရာကနေ Whos တို့ရဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် စွန့်စားခန်းထွက်ရတဲ့ ဇာတ်ကားလေးပါ ၂၀၀၈ ခုနှစ်ထွက် Animated Adventure Comedy ဇာတ်ကားလေးဖြစ်ပြီးတော့ Dr. Seuss’ ရဲ့ စာအုပ်ကို အခြေခံပြီးတော့ ရိုက်ကူးထားတာ ဖြစ်ပါတယ် ကလေးစာပေတွေနဲ့ ရင်းနှီးသူတွေဆိုရင် Dr. Seuss’ ကို မကြားဖူးတဲ့သူမရှိပါဘူး Lorax ၊ The Grinch who stole the Christmas အပါအဝင် စာအုပ်ကောင်းတွေကို ရေးသားခဲ့ပြီး စာအုပ်တွေ အားလုံးဟာ ကလေးတွေ အတွက်လို့ ရည်ညွှန်းပေမယ့် လူကြီးတွေအတွက်လည်း မရိုးနိုင်တဲ့ စာအုပ်တွေ ဖြစ်ပါတယ် IMDb မှာ 6.8/10 နဲ့ Rotten Tomatoes မှာ 79% တောင်ရထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် နောက်ခံစကားပြောတွေအနေနဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆင်ကလေး Horton နေရာမှာ ကျွန်မတို့ရဲ့ The Mask မင်းသားကြီး Jim Carrey ၊ မြို့တော်ဝန် အဖြစ် Steve Carell တို့ ပါဝင်ထားပါတယ် ဒါ့အပြင် Jaime Pressly ၊ Selena Gomez ၊ Joey King ၊ Laura Ortiz တို့လည်း ပါဝင်ထားပါသေးတယ် စိတ်ညစ်ဖို့ကောင်းလွန်းတဲ့ လူကြီးဘဝကနေ ကလေးဘဝကို ခဏပြန်သွားရင်း ပျော်ရွှင်ရဖို့အတွက် ကလေးတုန်းက ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်မှရမယ်နော်