
Hope (မြန်မာစာတန်းထိုး)
2013 ‧ Drama ‧ 2h 2m
Translate & Script = Mi Jinju
xxxxxxxxxxxxxxxxxxxx
၂၀၁၃ ခုနှစ်မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Hope ( Sowon) ဆိုတဲ့ ဇာတ်ကားလေးကတော့ တကယ့်ဖြစ်ရပ်မှန်ကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Lee Joon ik က သရုပ်ဆောင် Sol Kyung Gu,Uhm Ji Won,ကလေးသရုပ်ဆောင်Lee Reတို့နဲ့ ရိုက်ကူးခဲ့ပြီး 34th ကြိမ်မြောက်Blue Dragon Film Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာ လည်းရရှိထားပြီး ဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အကြိမ်ပေါင်းလည်းမနည်းခဲ့ပါဘူး။ IMDb Rating 8.3ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ကိုရီးယားနိုင်ငံ Ansan မြို့မှာ ဖြစ်ပွါးခဲ့တဲ့ သက်ငယ်မဒိမ်းမှုဟာ ကိုရီးယားပြည်သူတွေ ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် Cho Doo-soon ဆိုသူက အသက် 8 နှစ်သာရှိသေးတဲ့ သမီးငယ်လေး ကို ဘုရားရှိခိုးကျောင်းမှာ ရှိတဲ့ အများသုံးသန့်စင်ခန်းထဲမှာ အဓမ္မပြုကျင့်ခဲ့တာပါ။ အဓမ္မပြုကျင့်ခံရတဲ့ သမီးငယ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ ခွဲစိတ်မှုခံယူခဲ့ကာ ဆက်လက်ပြီး ၈ လ ကြာကုသခဲ့ရပါတယ်။ ဆေးရုံကဆင်းပြီး နောက်ပိုင်းမှာလည်း နှစ်ရှည်လများ စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ဆက်လုပ်ခဲ့ရပါတယ်။ ရုပ်ရှင်မှာ ကြည့်ခွင့်ရတဲ့ အခြေအနေနဲ့တင် အတော်လေးကို ဝမ်းနည်း စိတ်ထိိခုက်ဒေါသဖြစ်မိကြမှာပါ။ ဒီသမီးငယ်လေးဟာ ယခုအချိန်မှာ 70% လောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။ ဇာတ်ကား မှာတော့ အမည်နာမည်တွေ လွှဲပြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဆိုဝေါ်န်ဟာ သွက်လက်ပြီးချစ်စရာကောင်းတဲ့ ရှစ်နှစ်အရွယ်ကလေးမလေးပါ။ သူမအဖေနဲ့ အမေကတော့ အမြဲတမ်း စားဝတ်နေရေးအတွက် ပိုက်ဆံရှာဖို့ အလုပ်များ နေကြသူတွေပါ။ သူမမေမေမှာ နောက်ထပ်ကိုယ်ဝန်ရှိလာပြီး သူမကို ဂရုစိုက်ဖို့ အနည်းငယ်လစ်ဟာမှုတွေရှိလာပါတော့တယ်။ ဒီလိုအခြေအနေမှာ ဆိုဝေါ်န်ဘဝ လေး ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာရပါတော့တယ်။