
ဒီတစ်ခါမှာတော့ ၂၀၀၇ ခုနှစ်မှာထုတ်လွှင့်ပြသခဲ့တဲ့ လူကြိုက်အများဆုံး အင်္ဂလိပ်ကားအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ မယ်နော် ဒီဇာတ်လမ်းလေးကိုတော့ ဒါရိုက်တာ Xavier Gens က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ မင်းသား Timothy Olyphant က ကြေးစားလူသတ်သမား အဖွဲ့အစည်း တစ်ခုက အတော်ဆုံးကြေးစားလူသတ်သမားအဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Dougray Scott က အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ကတော့ မင်းသားကို ရုရှားနိုင်ငံရဲ့သမ္မတတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ငှားရမ်းခဲ့ရာမှ ရုရှားနိုင်ငံတွင်းရဲ့ နိုင်ငံရေးလှည့်ကွက်တွေကြား ကြားညပ် တော့မလိုဖြစ်ပြီး အဖမ်းခံရနီးခါမှ ရဲတပ်ဖွဲ့တစ်ခုလုံးကို ဘယ်လိုမျိုးလှည့်ကွက်တွေကိုသုံးပြီး ပါးပါးနပ်နပ်လေးနဲ့လွတ်အောင်ပြေးမလဲဆိုတာ ကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာဖြစ်ပြီး မင်းသားရဲ့ ပါးရည်နပ်ရည်ရှိမှုနဲ့ တိုက်ရည်ခိုက်ရည်တို့ကို အကြမ်းစားတွေ့မြင်ရမှာဖြစ်တဲ့အတွက် ကြောင့် တစ်ခေတ်တစ်ခါကလည်း အရမ်းကို နာမည်ကြီးအောင်မြင်ခဲ့တဲ့ အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမို့လို့ မဖြစ်မနေ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်နော်