
ဒီကားဟာလည်း ကြိုးသရဲရဲ့ လေးကားမြောက် ဇာတ်ကားဖြစ်ပြီး ရှေ့ကကြိုးသရဲကားတို့လိုပဲ ရယ်ရယ်မောမောနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကား မှာတော့ ချင်ခေတ်က သရဲတစ်ကောင် ပါလာပြီး ကျောင်းဆရာ ခန်းရှင်းကွေ့ကို ကြိုးသရဲအနေနဲ့နောက်ဆုံးတစ်ခေါက် ကူညီပေးတာကို ကြည့်ကြရမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ခန်းရှင်းကွေ့ဟာ သူ့ရည်းစားအဖေရဲ့ ကျောင်းမှာကျောင်းဆရာ ဝင်လုပ်ရင်း အစအနောက် သန်တဲ့ ကျောင်းသားတစ်စုနဲ့ တွေ့ပါတော့တယ်။ ကံဆိုးတာက အဲ့ကျောင်းသားတစ်စုက ဖွန်လိုက်ကြောင်ရင်း အပြန်တောထဲမှာ ချင်ခေတ်က ဝတ်စုံတွေ့တာနဲ့ ရောင်းစားဖို့ ပြန်သယ်လာပါတယ်။ ခက်တာက အဲ့ဝတ်စုံမှာ သရဲပါလာတာပါပဲ။ အဲ့သရဲက ခန်းရှင်းကွေ့ရဲ့ ရည်းစားနဲ့ ရန်ငြိုး ရှိနေပါတယ်။ အဲ့ကနေ ခန်းရှင်းကွေ့နဲ့ ကြိုးသရဲ ကြားညပ်ပြီး ကောင်မလေးကို ကယ်တင်ရပါတော့တယ်။ နောက်ဆုံးအနေနဲ့ပြောရရင် ဒီကားက ခန်းရှင်းကွေ့ ဇာတ်ကောင်နဲ့ ကြိုးသရဲဇာတ်ကောင်တို့ရဲ့ အဆုံးသတ်ပါ။ ဘာလို့အဲ့လိုပြောရလဲဆိုတာတော့ ဇာတ်လမ်းကို ပရိသတ်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။
Movies List | Website Link |
---|---|
The Happy Ghost(1984) | Click Here |
Happy Ghost II (1985) | Click Here |
Happy Ghost III (1986) | Click Here |
Happy Ghost IV (1990) | Click Here |
Happy Ghost V (1991) | Click Here |