
မာဂန်းထယ်ဆိုတဲ့ ထောင်သားကိုအစပြုကာ ထောင်အမှုထမ်းများမှ မာဂန်းထယ်ကိုသတ်နိုင်ရင်ပိုက်ဆံပေးမယ်လို့ မြှူဆွယ်ကာ ထောင်တွင်း ဆူပူမှုကိုလုပ်ကြံပြီး ဆူပူမှုကို ရိုက်ကူးထားသောတိပ်ခွေကို အမှောင်ဈေးကွက်တွင် ရောင်းချရန်အကြံဖြင့် လုပ်ဇာတ်စတင်ခဲ့ကြပါတယ် ဒါပေမယ့် လူဘယ်လောက်ပဲလာလာ တောင်တန်းလိုမျိုးမပြိုမလဲရှိ နေတဲ့မာဂန်းထယ်ကိုဘယ်သူမှမသတ်နိုင်ဘဲ ကျန်တဲ့သူတွေသာထိခိုက်ကုန် ကြပါတယ် လောဘဇောတက်လာတဲ့ ထောင်အမှုထမ်းတစ်ယောက်က သေနတ်နဲ့သတ်ဖိုကြိုးစားခဲ့ပေမယ့်လည်း သူပဲပြန်အသတ်ခံလိုက်ရပြီး သေဆုံးသွားပါတယ် ဒီဖြစ်စဥ်တွေကို ရိုက်ကူးထားတဲ့ တိပ်ခွေကိုတော့ ရုရှားလူမျိုးတစ်ယောက်ဆီကို ရောင်းလိုက်ပြီး ထိုသူကနေအမှောင် ဈေးကွက် website မှာတင်လိုက်တဲ့အခါ နာမည်ကြီးသွားပြီး ဒီတိပ်ခွေကနေ အစပြုကာ နောက်ပိုင်းထောင်တွင်းမှာစစ် မြေပြင်လိုတိုက်ခိုက်မှု တွေ ရန်ဖြစ်မှုတွေပါ စလာတဲ့အကြောင်းကို ရိုက်ထားတဲ့ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ် မာဂန်းထယ်နေရာမှာကတော့ အားလုံးသိကြတဲ့ Train to busan ထဲက ဝတုတ်က ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်သူ့ရဲ့ action skill ကောင်းကောင်းကို ရှယ်ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်