
Greyhound (2020) ဒီဇာတ်ကားက 1995 ခုနှစ် C.S.Forester ထုတ်တဲ့ The Good Shepherd ဆိုတဲ့စာအုပ်ကိုအခြေခံပြီး ရိုက်ကူး ထားပါတယ်။ နာမည်ကြီး မင်းသား Tom Hanks ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ဂျက် $50.3 million အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂရိတ်ဗြိတိန်ကို စစ်သားနဲ့ထောက်ပံ့ရေးပစ္စည်းတွေပေးပို့နိုင်ဖို့က မဟာမိတ်နိုင်ငံ စစ်နိုင်ရေး အတွက် အရမ်းအရေးပါပါတယ်။ Greyhound စစ်သင်္ဘောကြီးက တခြားစစ်သင်္ဘော ၃ စီးကိုဦးဆောင်ပြီး စစ်သားနဲ့ကုန်ပစ္စည်းတွေပါတဲ့ ကုန်သင်္ဘော ၃၇ စီးကို ဂျာမန်ရေငုပ်သင်္ဘောရန်ကကာကွယ်ပေးရပါတယ်။ လေတပ်အကူအညီမရနိုင်တဲ့နေရာကို ၃ ရက်ကြာ ဖြတ်သန်း သွားရတာမို့ အားလုံးရဲ့အသက်က Greyhound ကပ္ပတိန်ရဲ့အမိန့်တွေ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပါတယ်။ Greyhound ကပ္ပတိန်ကြီး ကလည်း စစ်သင်္ဘောကိုအခုမှပထမဆုံးဦးဆောင်တဲ့သူဆိုတော့ စစ်သင်္ဘောတွေကို သူဘယ်လိုဦးဆောင်သွားမလဲ။ ကုန်သင်္ဘောတွေကိုရော ဘယ်လိုကာကွယ်ပေးသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါရှင့်။