
၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး သဘာဝဘေးအန္တရာယ်ကပ်ဆိုးအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဇာတ်ကား ကောင်းတစ်ကား ဖြစ်ပါတယ် ။ ဇာတ်ကား အစ အလယ် အဆုံး ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဂျွန်အယ်လန်ဂရစ်တီဟာဆိုရင် ဇနီးမယားနဲ့ ကွာရှင်းဖို့ ပြင်ဆင်ထားတဲ့ ဗိသုကာအင်ဂျင်နီယာတစ်ဦးပါ။ သူတို့မှာတော့ နေသန်လို့ခေါ်တဲ့ ဆီးချိုရောဂါခံစားနေရတဲ့ သားလေး တစ်ဦး ရှိပါတယ်။ တစ်နေ့မှာ ကလာ့ခ်လို့ခေါ်တဲ့ နှစ်ပေါင်းများစွာ စကြာဝဠာကြီးထဲမှာ လှည့်လည်သွားလာနေတဲ့ ကြယ်အစုအဝေးကြီးတစ်ခုဟာ အပိုင်းပိုင်းကွဲထွက်ပြီး ကမ္ဘာမြေပေါ်သို့ကျရောက်လာကာ ကမ္ဘာပျက်မယ့် အနေအထားကို ရင်ဆိုင်ရပါတော့တယ်။ သမ္မတရုံးက နိုင်ငံရဲ့ အရည်အချင်း ပြည့်မှီသူတွေကို ဆန်ခါတင်ရွေးချယ်ပြီး ထိုအန္တရာယ်မှရှောင်ရှားနိုင်ရန်အတွက် အရေးပေါ်လျှို့ဝှက်ခိုလှုံ စခန်းကို ပြောင်းရွေ့ စေပါတယ်။ ထိုထဲမှာ ဂျွန်တို့မိသားစုလည်းပါဝင်နေပါတယ်။ ဒါဆို ဂျွန်တို့က ရွေးချယ်ခံရတဲ့အတိုင်း လျှို့ဝှက်ခိုလှုံစခန်းဆီကို သွားရောက် နိုင်မှာလား ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရဦးမှာလဲ အသက်ရှင်ကျန်နိုင်ပါ့မလား အခက်အခဲမျိုးစုံကြားမှာ survival ဘယ်လိုလုပ်မလဲ ဆိုတာကို ရင်တစ်မမကြည့်ရှုရမှာပါ။ ဒီကားမှာဆိုရင် နာမည်ကျော်မင်းသားကြီး Gerard Butler နဲ့ မင်းသမီးချော Morena Baccarin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating ကလည်း 6.3/10 တောင်ရရှိ ထားတာပါ။ ချစ်ခြင်းမေတ္တာတရား အက်ရှင်စွန့်စားခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာဖြစ်လို့ must watch ပါလို့ဆိုပါရစေ