
ဒီကားလေးကတော့ Oscar တစ်ဆု ရရှိထားပြီးတော့ 36 wins & 74 nominations ရရှိထားတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင် ၂၀၀၁ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီးတော့ Comedy၊ Drama၊ Mystery အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb အနေနဲ့လည်း 7.2 တောင် ရရှိထားပါတယ်။ အစပိုင်းမှာ ဇာတ်ကားက နည်းနည်းအေးပေမဲ့ နောက်ပိုင်း ဇာတ်လမ်းကို တဖြည်းဖြည်းဆွဲခေါ်သွားမဲ့ ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ၁၉၃၀ ခုနှစ်မှာ အခြေတည်ထားပြီး လန်ဒန်က အိမ်တော်ကြီးတစ်အိမ်ကို အပန်းဖြေဖို့လာကြတဲ့ အထက်တန်းစားမိသားစုတွေကြားက ပြိုင်ဆိုင်မှုတွေအပြင် အိမ်တော်ရဲ့သခင်ဖြစ်တဲ့ ဆာဝီလီယံ မက်ကောဒယ်လ် အသတ်ခံရတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေ ပေါ်ထွက်လာမလဲဆိုတာ တွေ့ရမှာပါ။ ဇာတ်ကားကိုကြည့်ရင်း တစိမ့်စိမ့်တွေးချင်သူများအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါရစေ။