
ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ Thriller ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ ဒီဇာတ်ကားက (၂၀၁၄) တုန်းကထွက်ရှိခဲ့တဲ့ ဩစတေးလျဇာတ်ကားတစ်ကားကို remake လုပ်ထားတဲ့ Goodnight Mommy ဆိုတဲ့ကားလေးဖြစ်ပြီး အဲလီးယပ်စ်နဲ့ လူးကပ်စ်ဆိုတဲ့ အမြွှာညီအစ်ကိုလေးနှစ်ယောက်က ဇာတ်လိုက်အနေနဲ့ပါဝင်ထားပါတယ်။ နာမည်လေးအတိုင်းပဲ အမြွှာနှစ်ယောက်ဟာ မိခင်ဖြစ်သူနဲ့အတူနေထိုင်ဖို့ မိခင်ရဲ့အိမ်ဆီ ရောက်ရှိလာရာကနေ ဇာတ်လမ်းလေးအစပြုလာပါတော့တယ်။ သူတို့ကိုစောင့်ကြိုနေတဲ့အမေက သူတို့မှတ်မိထားသလိုမဟုတ်ဘဲ မျက်နှာတစ်ခုလုံး ပတ်တီးတွေစည်းထားတဲ့အပြင် မူမမှန်မှုတွေကို ဆက်တိုက်တွေ့ရှိလာတဲ့အခါမှာတော့ ဒါဟာ သူတို့အမေမှဟုတ်ရဲ့လားဆိုတာ ညီအစ်ကိုနှစ်ယောက်အတွက် စဉ်းစားစရာဖြစ်လာတာပေါ့။ အဲဒီအချိန်မှာပဲ ထိတ်လန့်စရာကိစ္စတွေကိုပါ ဆက်တိုက်တွေ့ကြုံလာရတဲ့အခါမှာတော့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ သူတို့အမေဆိုသူရဲ့လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲလီးယပ်စ်နဲ့ လူးကပ်စ်တို့အမြွှာညီအစ်ကိုနှစ်ယောက် သူတို့အမေလက်က လွတ်နိုင်ပါ့မလား။ သူတို့ကြုံနေရတဲ့သူက အမေအရင်းမဟုတ်ဘူးဆိုရင် အမေအရင်းကရော ဘယ်ရောက်နေခဲ့တာလဲ။ အရာအားလုံးနောက်ကွယ်က ထိတ်လန့်စရာအမှန်တရားကရော ဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရင်းပဲ အဖြေရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။