
ဇာတ်ကားထဲကသမိုင်းကြောင်းအရ ကမ္ဘာကြီးရဲ့ပထမဆုံးလူ့အဖွဲ့အစည်းဟာ အီဂျစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ထိုခေတ်ထိုအခါမှာ လူသားတွေရဲ့ဖန်ဆင်းရှင်နတ်ဘုရားတွေဟာ သူတို့ရဲ့အဖန်ဆင်းခံလူသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ကာ လူသားတွေကို စိုးစံအုပ်ချုပ်ခဲ့ပါတယ်။ အီဂျစ်ပြည်ကြီးအား ဖန်ဆင်းရှင် ရာရဲ့ပထမသားတော် လူသူအပေါင်းရဲ့ချစ်မြတ်နိုးလေးစားခြင်းကိုခံရတဲ့ နတ်ဘုရားအိုဆိုင်းရစ်မှအုပ်ချုပ်ခဲ့ပြီး ရက်စက်ကြမ်းကြုတ် စစ်မက်လိုလားတဲ့ ဒုတိယသားတော် နတ်ဘုရားဆက်သ်ဟာတော့ လူသူကင်းမဲ့ ပူပြင်းခြောက်သွေ့တဲ့ကန္တာရများကိုသာ စိုးစံခဲ့ရပါတယ်။ အလှည့်အပြောင်းတွေ စဖြစ်လာရမှာကတော့ အိုဆိုင်းရစ်အနေနဲ့ သူ့သားတော် ဟောရက်စ်အား အီဂျစ်ပြည်ကြီးရဲ့ ထီးနန်းကိုလွှဲပြောင်းပေးတဲ့နေ့ပဲဖြစ်ပါတယ်။ ထီးနန်းပေးအပ်တဲ့အခမ်းအနားကို ဆက်သ်ရောက်ချလာပြီး အစ်ကိုဖြစ်သူကိုသတ် တူဖြစ်သူအား မျက်လုံးနှစ်လုံးလုံးကိုဖောက်နှိုက်လုယူကာ အာဏာသိမ်းသွားခဲ့တဲ့အတွက် အီဂျစ်ပြည်ကြီး အမှောင်ခေတ်ထဲကျသွားခဲ့ရပါတယ်။ တစ်ဖက်မှာတော့ သာမန်လူသားတစ်ယောက်ဖြစ်တဲ့ ဘက်ခ်ဟာ ဆက်သ်ရဲ့မတရားတဲ့အုပ်ချုပ်မှုစနစ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ ချစ်သူကောင်မလေးကို ပြန်အသက်သွင်းနိုင်ဖို့ရာ အလုံးစုံကန်းနေတဲ့ ဟောရက်စ်နဲ့ ထီးနန်ပြန်ယူပေးမယ်ဆိုတဲ့ အပေးအယူလုပ်ကာ ကလဲ့စားကိုလိုလားနေတဲ့ ဟောရပ်စ်နဲ့အတူ အီဂျစ်ပြည်ကြီးရဲ့ကံကြမ္မာအား အလှည့်အပြောင်းဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုးစားကြမှာကို ရှုစားကြရမှာပဲဖြစ်ပါတယ်။ ဒီကားဟာ နတ်ဘုရားတွေကိုအာခံရဲတဲ့ သာမညလူသားတစ်ယောက်ရဲ့သတ္တိတွေ ချစ်ခြင်းမေတ္တာတွေနဲ့ စွန့်စားခန်းတွေ အက်ရှင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပြီး IMDb Rating 5.4 သာ ရရှိထားပေမဲ့ ဇာတ်ကားထဲက Virtual Effect တွေဟာ အရမ်းကိုကောင်းပြီး ရုပ်ရှင်ကားတစ်ကားအနေနဲ့ အရည်အသွေးပိုင်း တော်တော်ကောင်းတယ်လို့ပြောလိုရတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် ဒေါင်းကြည့်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်ရှင့်။