
ဒီတစ်ခါ ပရိတ်သတ်ကြီးတို့ကိုတင်ဆက်ပေးမှာကတော့ ကားဟောင်းတစ်ကားဖြစ်ပြီး မင်းသားကြီး နီးကိုးလ်လက်စ် ကေ့ဂျ် ရဲ့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Ghost Rider ပါ။ ဇာတ်လမ်းအကျဉ်းလေးကိုရှင်းရရင် အဖေတစ်ခုသားတစ်ခုနဲ့ ဆပ်ကပ်လေးတွေမှာ ဆိုင်ကယ်စတန့်တွေပြရင်း အသက်မွေးနေတဲ့ ဂျွန်နီရဲ့ဘဝကို အချိုးအကွေ့ဖြစ်စေခဲ့တာကတော့ သူ့ရဲ့ကောင်မလေးရို့စီ နယ်ပြောင်းရမဲ့ကိစ္စနဲ့စတင်လာခဲ့ပါတယ်။ ရို့စီမိဘတွေက ဂျွန်နီနဲ့ဝေးစေချင်လို့ ရို့စီကိုနယ်ပြောင်းဖို့စီစဉ်လာတော့ သူတို့ရဲ့အချစ်ရေးကိုကာကွယ်ဖို့အတွက် အသက် ၁၇ နှစ်သာရှိသေးကြတဲ့ ငယ်ရွယ်သူဂျွန်နီတို့စုံတွဲလေးကတော့ ထွက်ပြေးကြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့လည်း ဂျွန်နီရဲ့အဖေက နေမကောင်းဖြစ်နေတာကြောင့် ဂျွန်နီကတော့ အနည်းငယ်နောက်ဆံတင်းနေခဲ့ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး မကောင်းဆိုးဝါးတစ်ကောင်က ဂျွန်နီသာ သူတောင်းဆိုတဲ့သဘောတူညီမှုကိုလုပ်ပေးနိုင်ရင် သူ့အဖေရဲ့ကျန်းမာရေးကောင်းမွန်လာအောင်လုပ်ပေးနိုင်မယ်လို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ဂျွန်နီကလည်း ဟာသတစ်ခုအထင်နဲ့ မတော်တဆသဘောတူညီခဲ့ရာကနေ သူ့ဘဝတစ်ခုလုံးဗြောင်းဆန်တဲ့အထိ ပြောင်းလဲသွားရပါတော့တယ်။ ဒီတော့ ဂျွန်နီရလိုက်တဲ့သူ့အဖေရဲ့ကျန်းမာရေးကောင်းမွန်မှုအစား သူဘာတွေများပြန်ပေးဆပ်လိုက်ရမလဲ။ ဒီမကောင်းဆိုးဝါးကြီးကရော ဂျွန်နီကိုဘာတွေလုပ်ခိုင်းမလဲ ဂျွန်နီကရော ဒီသဘောတူညီမှုကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို အမိုက်စားဆိုင်ကယ်စတန့်တွေနဲ့အတူ ဒီထူးခြားဆန်းကျယ်ဖြစ်ရပ်တွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
Movies Name | Webpage | Telegram |
---|---|---|
Ghost Rider (2007) | Click Here | Click Here |
Ghost Rider: Spirit of Vengeance (2011) | Click Here | Click Here |
Show movie