
ဆန်ဂျေးဟာ တစ်စုံတစ်ခုသော အကြောင်းကြောင့် ရေတိုမှတ်ဉာဏ်ဆုံးရှုံးမှုဝေဒနာကို ခံစားနေရသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ခေါင်းမှာလည်း အမာရွတ်ကြီးတစ်ခုရှိပြီး သူဘာကြောင့် ဒီလိုဖြစ်လာတယ်ဆိုတာကို ဘယ်သူမှမသိကြပါဘူး။ ဆန်ဂျေးဟာ အတိတ်မေ့နေပေမဲ့ လက်စားချေဖို့ အတွက် ဂါဂျီးနီဆိုတဲ့လူကို အသည်းအသန်လိုက်ရှာနေခဲ့ပါတယ်။ ၁၅ မိနစ်တစ်ခါ Refresh လုပ်သလို အတိတ်မေ့မေ့သွားတတ်တဲ့ ဆန်ဂျေးရဲ့ လူနာမှတ်တမ်းဖိုင်ကို ဆူနီတာဆိုတဲ့ ဆေးကျောင်းသူလေးက တွေ့ပြီး ဆန်ဂျေးအကြောင်းကို စိတ်ဝင်စားသွားခဲ့ပါတယ်ဗျ။ ဆန်ဂျေး နေရာမှာတော့ မင်းသားကြီး အမီရာခန်းက သရုပ်ဆောင်ထားပါတယ်။ ဆန်ဂျေး ဝေဒနာသည်မဖြစ်ခင်က ဘယ်လိုပုံစံရှိခဲ့လဲ၊ ဒီလိုဖြစ်သွားတဲ့ အကြောင်းအရင်းကရောဘာလဲ၊ ဂါဂျီးနီကလည်း ဘယ်သူလဲဆိုတာကို ဒီ Ghajini ဆိုတဲ့ရုပ်ရှင်ထဲမှာ Action, Romance, Thriller စတဲ့ Genre မျိုးစုံရောပြီး ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်ဗျ။