
၁၉၄၅ ခုနှစ်၊ ဧပြီလ ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။ အင်အားကြီး စစ်နိုင်ငံဖြစ်တဲ့ နာဇီ ဂျာမနီနိုင်ငံသားအား အမေရိကန်မှာ နောက်ဆုံးထိုးစစ် ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ကော်လီရာ က စစ်မြေပြင်မှာ Fury လို့ခေါ်တဲ့တင့်ကားကို ဉီးဆောင်ကာ တိုက်ပွဲဝင်နေတဲ့သူ ဖြစ်ပါတယ်။ Fury ရဲ့တခြားဘက်တော်သား များ ဖြစ်တဲ့ သေနတ်သမား ဘိုင်ဘယ် ၊ ကျည်ဖြည့်တာဝန် ကွန်းအက် ၊ တင့်ကားမောင်းသူ ဂေါ်ဒို တို့ဟာ စစ်စကတည်းက တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သားများ ဖြစ်တယ်။ Fury ရဲ့လက်ထောက်ကားမောင်းသမား ကျဆုံးသွားတဲ့အချိန်မှာ လူစားထိုးအနေနဲ့ တပ်လက်နှိပ်စက်စာရေး နော်မန် ရောက်လာပါတယ်။ စစ်ပွဲအတွေ့အကြုံမရှိတဲ့ နော်မန် ကို Fury ရဲ့ ဘက်တော်သားတွေက သဘောမကျကြဘူး။ Fury အပါအဝင် တခြားတင့်ကားတွေဟာ အရေးပါတဲ့လမ်းကြောင်းတွင် စစ်ဆင်ရေးလုပ်ခဲ့ရာ ဂျာမနီဘက်မှ အကြီးစားတင့်ကားနဲ့ ရင်ဆိုင်ရတဲ့အတွက် တခြားတင့်ကားတွေ အားလုံး ပျက်စီးကာ Fury တစ်စီးဘဲ ကျန်ရစ်ပြီး အဖွဲ့သားတွေက Fury ကို ပြင်ဖို့ ကြိုးစားနေတယ်။ အဲအချိန် ဂျာမန်စစ်သားသုံးရာကျော်ဟာ စစ်သီချင်းသံ ပြိုင်ဆိုင်ကာ Fury ရှိတဲ့လမ်းတည့်တည့် ချီတက်လာနေကြောင်း တွေ့လိုက်ရတယ်။ ခေါင်းဆောင် ကော်လီရာက Fury အဖွဲ့သားတွေကို လက်နက် ကျည်ဆံအပြည့်ပေးပြီး အကာအကွယ်ကောင်းတဲ့ တောတောင်တန်းဆီကို ဆုတ်ခွာခိုင်းပါတယ်။ သူကတော့ Fury ပေါ်မှာ သေနတ်ကို ကျည်ဖြည့်ကာ စောင့်နေခဲ့ပါတယ်။ Fury ဘက်တော်သားများကတော့ ခေါင်းဆောင်ကို မထားခဲ့နိုင်ကြဘဲ ဘီးတွေ ပျက်စီးသွားလို့ မရွေ့လျားနိုင်တော့တဲ့ Fury ပေါ်မှာနေပြီး ရန်သူအင်အား သုံးရာကျော်ကို ခုခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အလန်းစားတင့်တိုက်ပွဲတွေ တွေ့မြင်ရမှာဖြစ်သလို၊ ရဲဘော်ရဲဘက်စိတ်၊ လူသားအချင်းချင်းတစ်ယောက်နဲ့တစ်ယောက် သဘောထားတွေကို အကောင်းဆုံးရိုက်ပြနိုင်ခဲ့တဲ့ကားဖြစ်ပါတယ်။ Fury အတွက် နောက်ဆုံးတိုက်ပွဲလား၊ ရန်သူအင်အားကများပေမယ့် ခေါင်းဆောင် ကော်လီရာရဲ့ကွပ်ကဲမှုနဲ့ Fury အဖွဲ့သားတွေ အောင်ပွဲ့ခံနိုင်မလား၊ ဘယ်သူဘဲ အသက်ရှင်ပြီး ကျန်ခဲ့သလဲ ဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြည့်စေလိုပါတယ် ။ ကြာမြင့်ချိန် ၂ နာရီ ၁၄ မိနစ် တကယ်ကို စစ်မြေပြင်ထဲရောက်သွားသလိုမျိုး ခံစားစီးမျှောသွားစေရဖို့ အာမခံပါတယ်။