
တန်.. တန်တန် ဆိုတဲ့ ဒီတီးလုံးလေးကို အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ ဂျိမ်းစ်ဘွန်းကားထဲက ဇာတ်ဝင်တီးလုံးလေးပါ။ မှတ်မိ သလောက်ပြောရရင် ဂျိမ်းစ်ဘွန်းကို ပြောင်ရိုက်ထားတဲ့ ဇာတ်ကားက ဟော်လီဝုမှာဆိုရင် Mr. Bean ရဲ့ Johnny English ရှိပြီးတော့ တရုတ်မှာဆိုရင်တော့ စတီဗင်ချောင်ရဲ့ From Beijing with Love ဆိုတဲ့ ဒီတရုတ်ကားလေး ရှိပါတယ်။ ဒီကားလေးကတော့ ၁၉၉၄ ခုနှစ် တုန်းက ထွက်ခဲ့ပြီးတော့ အတော်လေး ရယ်ရပြီးတော့ အတော်လေး အခွက်ပြောင်တဲ့ကားလည်း ဖြစ်ပါတယ်။ ဒီကားက ကြာပြီဆိုတော့ အားလုံးလည်း ကြည့်ဖူးပြီးသား ဖြစ်မှာမို့ အထွေအထူး ပြောမနေတော့ပါဘူး။ ကြည့်ဖူးတဲ့သူရော မကြည့်ဖူးတဲ့သူရော ဒီဟာသကားလေးကို ကြည့်ပြီး စိတ်အပန်းဖြေနိုင်ဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။