What's happening?



custom_html_banner4

Video Sources 3921 Views Report Error

  • Watch trailer
Forrest Gump

Forrest Gump

Life is like a box of chocolates...you never know what you're gonna get.Jul. 06, 1994USA142 Min.PG-13
Your rating: 0
9 1 vote

Synopsis

Forrest Gump (မြန်မာစာတန်းထိုး)


1994 ‧ Comedy/Drama ‧ 2h 22m


Translate & Script = Shwe Phoo


Translator Incharge & Encoded by Thi Ha Thu


xxxxxxxxxxxxxxxxxxxx

Forrest Gump လို့အမည်ရတဲ့ ဇာတ်ကားလေးကတော့ တော်တော်များများသိခဲ့ကြတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို Paramount ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ရဲ့ Paramount ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်မင်းသားကြီးဟာ ဆိုရင်လည်း ဒီ ဇာတ်ကားနဲ့ Acedamy Award တွေများစွာရရှိခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြသနေတဲ့အချိန်မှာလည်း အမေရိကန်ဒေါ်လာ ၆၇၇ သန်းကျော် ဝင်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ Rating 8.8 ရရှိခဲ့တဲ့အပြင် ခုချိန်ထိလည်းကြည့်ရှုနှုန်းမကျသွားခဲ့တဲ့ ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆိုရင် အချစ်၊ အက်ရှင်၊ အလွမ်းနဲ့ စစ်ပွဲကြားက ဖြစ်ပေါ်ခဲ့တဲ့သံယောဇဉ် စတဲ့ရသမျိုးစုံကိုလည်း ရရှိခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားကြီး Tom Hanks ၊ Robin Wright ၊ Gary Sinise ၊ Mykelti Williamson ၊ Sally Field တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ မင်းသားကြီး Tom Hanks အတွက် ၂ နှစ် ဆက်တိုက် အော်စကာဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- Forrest Gump လို့ခေါ်တဲ့ မင်းသားကြီး Tom Hanks က ဇာတ်လမ်းရဲ့ အစမှာ ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေရင်း ငှက်မွှေးလေးတစ်ခု လွင့်ပျံသွားနေတာကို ရိုက်ပြထားတာပါ။ အဲ့အပြင် သူနဲ့အတူ ဘတ်စ်ကားစောင့်နေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ စကားစမြည်ပြော နေတာပါ။ Forrest ဟာ မွေးရာပါဉာဏ်ရည်ချို့တဲ့ပြီး ကြောရိုးစောင်းတဲ့ရောဂါကြောင့် လမ်း ကောင်းကောင်း မလျှောက်နိုင်တဲ့ ခြေထိန်းတွေတပ်ထားရတဲ့ ကောင်လေးပါ။ သူဟာ ငယ်ငယ်ထဲက တခြားကလေးတွေရဲ့စနောက်တာတွေကို ကြုံခဲ့ရပြီးကစားဖော်လည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့ကျောင်းကားပေါ်မှာ ဂျန်နီဆိုတဲ့ ကောင်မလေးနဲ့ခင်မင်ခဲ့ရပြီး သူမနဲ့အတူ ကျောင်းက ပြန်လာတဲ့လမ်းမှာ ကောင်လေးတစ်စုရဲ့ အနိုင်ကျင့်တာကို ထွက်ပြေးရင်း ခြေထိန်းတွေ ပြုတ်ထွက်ကုန်ပါတယ်။ အဲ့ချိန်ကစပြီး သူဟာ အထိန်းအကွပ်တွေမလိုတော့ဘဲ ပုံမှန်လမ်းလျှောက်နိုင်ခဲ့ပြီး ဘယ်သွားသွားလေ အဟုန်လိုပြေးသွားတော့တာပဲ။ အဲ့အချိန်ကနေစပြီး သူ့ဘဝအကြောင်း၊ သူ ကောလိပ်ဝင်ခွင့်ရခဲ့တဲ့အကြောင်း၊ သူဘွဲ့ရခဲ့တဲ့အကြောင်း၊ သူစစ်တပ်ထဲဝင်ပြီး ဘာ့ဒ်ဘာလို့ခေါ်တဲ့ သူငယ်ချင်းနဲ့ဆုံခဲ့ရတဲ့အကြောင်း၊ ဗီယက်နမ်စစ်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ၊ သမ္မတက ဂုဏ်ထူးဆောင် တံဆိပ်ပေးခဲ့တဲ့အကြောင်း၊ တရုတ်မှာ နိုင်ငံကိုယ်စားပြု ပင်ပေါင်သွားကစားခဲ့ရတဲ့ အကြောင်း၊ စစ်တပ်ကထွက်ပြီး ပုစွန်လှေကြီး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ သူ့ဘဝရဲ့အရေးပါတဲ့ ကောင်မလေးဖြစ်တဲ့ ဂျန်နီကို ဘယ်လောက်မြတ်နိုးရတဲ့အကြောင်း ပြောပြ နေခဲ့ပုံကို ရသစုံမြောက်အောင် ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာတော့ လေယူရာလွင့်နေရတဲ့ ငှက်မွှေးလေးကို ပြန်လည်ရိုက်ကူးပြသထားပြီး ဖြတ်သန်းနေရတဲ့ဘဝတွေဟာ ဘယ်အချိန်မှာ ဘာဖြစ်မယ်မသိရတဲ့ အတက်အကျ အနိမ့်အမြင့်မျိုးစုံနဲ့ ကြုံတွေ့ရတတ်တဲ့အကြောင်းကို ရည်ညွှန်းဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Original title Forrest Gump
IMDb Rating 8.8 1,740,254 votes
TMDb Rating 8.4 18,335 votes

Director

Cast

Tom Hanks isForrest Gump
Forrest Gump
Robin Wright isJenny Curran
Jenny Curran
Gary Sinise isDan Taylor
Dan Taylor
Sally Field isMrs. Gump
Mrs. Gump
Michael Conner Humphreys isYoung Forrest Gump
Young Forrest Gump
Hanna Hall isYoung Jenny Curran
Young Jenny Curran
Haley Joel Osment isForrest Gump Jr.
Forrest Gump Jr.
Siobhan Fallon Hogan isSchool Bus Driver
School Bus Driver
Afemo Omilami isDrill Sergeant
Drill Sergeant

Similar titles

Magic Camp
The Revenant
Luca
Make Me Shudder
Start-Up
Despicable Me
Men in Black II
The Return of the Sister-in-Law
Charlie and the Chocolate Factory
Semantic Error: The Movie
From Up on Poppy Hill
Hitman

(1) comment

  • Neo JamesAugust 23, 2022Reply

    ..

Leave a comment

Name *
Add a display name
Email *
Your email address will not be published