
၂၀၁၇ ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ IMDb rating 7.4/10 ရရှိထားတဲ့ Mystery Triller အမျိုးအစား ဇာတ်ကားပဲဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ဇာတ်အလှည့် အပြောင်းတွေနဲ့ ကြည့်ရှုသူကို စိတ်၀င်တစ်စားဖြစ် အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာ Jang Hang Junက ရေးသား ရိုက်ကူး ထားတာဖြစ်ပြီး ပါ၀င်တဲ့ သရုပ်ဆောင်တွေကတော့ မင်းသား Kim Ha Neul, Kim Mu Yeol, Moon Sung Keun နဲ့ ဇာတ်ပို့မင်းသမီးကြီး Na Young Heeတို့က အတွဲညီညီသရုပ် ဆောင်ထားကြပါတယ်။ ၀င်ငွေ US$ 9.9မီလီယံ ရရှိခဲ့တာပါ။ ဂျင်ဆော့ဟာ အစ်ကို ယူဆော့၊ အဖေ၊ အမေတို့နဲ့ အတူတူ ပျော်စရာကောင်းပြီး သာမန်ရိုးရှင်းတဲ့ဘ၀လေးမှာ နေထိုင်နေပါတယ်။ အစ်ကိုယူဆော့ကို သူ့ဘ၀မှာ လေးစားအားကျ အတုယူစရာ ဂုဏ်ယူစရာ သူရဲကောင်း တစ်ယောက်လို့ မှတ်ယူထားခဲ့သူပါ။ သူတို့မိသားစု အိမ်အသစ်ကို ပြောင်းလာပြီးတဲ့နောက်မှာတော့ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပြီး ထိန်လန့်စရာ အိပ်မက်တွေလည်း မက်ခဲ့ပါတယ်။ မိုးသည်းတဲ့ ညတစ်ညမှာ အစ်ကိုဖြစ်သူနဲ့အတူ လမ်းထွက်လျှောက်ရင်းက အစ်ကိုပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီ့နောက်မှာတော့ ကြောက်စရာကောင်းပြီး မယုံနိုင်လောက်တဲ့ ကိစ္စရပ်တွေနဲ့ သူကြုံတွေ့ခဲ့ရပါတော့တယ်။ သူတွေ့ကြုံရတဲ့အရာတွေကို တကယ်ပဲဖြေရှင်း နိုင်ပါ့မလား။ သူသိထားတဲ့အရာတွေကရော အမှန်တွေလားဆိုတာကို ရင်တစ်လှပ်လှပ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။