
အခုအခါမှာတော့ ၂၀၂၀ ခုနှစ်ထွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ မှုခင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုပါတယ်။ ဒီကားလေးကိုတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ဒါရိုက်တာတွေဖြစ်တဲ့ Akhil Paul နဲ့ Anaas Khan တို့က ရိုက်ကူးခဲ့ပြီးတော့ မင်းသား Tovino Thomas နဲ့မင်းသမီးတွေဖြစ်တဲ့ Mamta Mohandas နဲ့ Reba Monica John တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ကတော့ ဒီကားထဲမှာ မင်းသားက မှုခင်းဆရာဝန်နေရာကနေ သရုပ်ဆောင်ထားပြီး မင်းသမီး Mamta Mohandas ကတော့ရဲအရာရှိ တစ်ဦးဖြစ်ပြီး Reba Monica John ကတော့ မင်းသားရဲ့ လက်ထောက်မှုခင်းဆရာဝန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့မြို့ကလေးမှာ ကလေးတွေ ပျောက်ချင်းမလှပျောက်ပြီး ကွင်းဆက်အသတ်ခံရတဲ့အမှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ တရားခံကို ၃ ယောက်ပေါင်းပြီး ကြိုးစားရှာဖွေကြပေမဲ့လည်း ထင်သလိုမဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိုးအစွမ်းကုန် ကြိုးစားပြီး ရှာဖွေကြမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှု ခံစားလိုက်ကြပါဦးနော်။ ပြီးတော့ ဒီကားလေးက ပရိသတ်တွေမထင်ထားလောက်တဲ့ ဇာတ်ကွက်တွေအများကြီးပါတာမို့လို့ လက်မလွှတ်စတမ်း ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်ရှင်…