
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ Sport ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားလေးမှာ ရေခဲပြင်စကိတ်စီးကစားနည်းကို သဘောကျတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရည်မှန်းချက်ကြီးမားပုံနဲ့ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကားလေးဟာ Sports ချစ်သူတွေအနေနဲ့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အတားအဆီးတွေ၊ အရှုံးပေးလိုက်ချင်စိတ်တွေ၊ မရေရာမသေချာမှုတွေကြားထဲကမှ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုစိတ်ဓာတ်နဲ့ ရှေ့ဆက်သွားရမလဲဆိုတာ လက်တွေ့ဘဝအတွက် အတုယူသင့်စရာများစွာကို ပညာသားပါပါနဲ့ ရိုက်ကူးသွားတာဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါ။