
ဒီ စိတ်ကူးယဉ်-သိပ္ပံ-ဒရမ်မာကားလေးက November 5, 2021 ကမှ ထွက်ရှိထားတဲ့ကားလေးပါ။ တီထွင်ပညာရှင် ဖင့်ခ်ျအဖြစ် မင်းသားကြီး Tom Hanksရယ်၊ ခွေးလေးတစ်ကောင်ရယ်၊ စက်ရုပ်တစ်ရုပ်ရယ် ပါဝင်ထားပြီး rating 7 အထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပျက်ကိန်းဆိုက်ပြီး နောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ တီထွင်ပညာရှင် ဖင့်ခ်ျဟာ နာမကျန်းဖြစ်နေပါတယ်။ သူဆုံးပါးသွားခဲ့ရင် သူ့ခွေးလေးကို စောင့်ရှောက်ပေးဖို့ စက်ရုပ်တစ်ရုပ် ဖန်တီးလိုက်တယ်။ သဘာဝပတ်ဝန်းကျင်ကြီးကလည်း ဖောက်လွဲဖောက်ပြန်တွေဖြစ်နေပြီး ခွေး တစ်ကောင်၊ စက်ရုပ်တစ်ရုပ်နဲ့ ကျန်ရှိခဲ့တဲ့ဖင့်ခ်ျတစ်ယောက် နောက်တွဲယာဉ်လေးတစ်စီးနဲ့ အန္တရာယ်ကိုရှောင်ကွင်းရင်း စွန့်စွန့်စားစားခရီးနှင်နေ ရပါတယ်။ သူတို့ ၄ ဦးရဲ့ စွန့်စားခရီးရှည်အပြင် ချစ်ခြင်းမေတ္တာ၊ ခင်မင်မှုသံယောဇဉ်နဲ့ လူ့ဘဝရဲ့အဓိပ္ပာယ်ကိုပါ လေ့လာသင်ယူရင်း ပေါ့ပေါ့ ပါးပါး ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
ဇာတ်ကားတွေကို Download လုပ်လို့အဆင်ပြေအောင် တင်ပေးထားလို့ ကျေးဇူးတင်ပါတယ်
Hosting တွေထဲမှာ Mediafire ကနေ Download လုပ်ရတာ အကောင်းဆုံးပါပဲ
ရွှေပန်းသီးလည်း ဒီထက်ပိုပြီး အောင်မြင်ပါစေဗျာ…..