
ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ထိုင်းဟာသကားဟောင်းလေးပဲဖြစ်ပါတယ်။ ညီအစ်ကိုလိုခင်ကြတဲ့ ဘတ်စ်ကားဒရိုင်ဘာ”ပွန်”နဲ့ စပယ်ယာ”ဗင်”တို့နှစ်ယောက်ရဲ့ ဘတ်စ်ကားမောင်းရင်း ကြုံတွေ့ရတဲ့ တစ်နေ့တာအလွဲတွေကို ရိုက်ကူးထားတာပါ။ အကြောင်းရှိလို့ “ပွန်”မောင်းတဲ့ ဘတ်စ်ကားပေါ် ဆိုက်ဆိုက်မြိုက်မြိုက် တက်လာတဲ့ ဘုန်းကြီး(၂)ပါး၊ ညီဖြစ်သူကို ကစားကွင်းပို့ဖို့ အကြံကြီးကြံရင်း ကားပေါ်ပါလာတဲ့ ညီအစ်ကိုနှစ်ယောက်၊ Promotion ပွဲအတွက် ငှားထားလို့လာရင်း ကားပျက်သွားလို့ ဘတ်စ်ကားတက်စီးကြတဲ့ ကောင်မလေးတစ်အုပ်နဲ့ မတရားတာ မြင်လို့ ဝင်ပါမိတာကြောင့် “ပွန်” နဲ့ “ဗင်” တို့မောင်းတဲ့ ဘတ်စ်ကားကို ဘရိတ်ကြိုးပျက်အောင် ကြံစည်ဖို့ ကားပေါ်ပါလာတဲ့ လူမိုက်ငပေါတစ်သိုက်ရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ကြည့်ပြီး ခွီးရဦးမှာပါ။ ပွန်တစ်ယောက် အဲ့ဒီလူတစ်အုပ်ကို ဘယ်လိုထိန်းမလဲ။ လူမိုက်တွေနဲ့ရော ဘာဆက်ဖြစ်မှာလဲ။ ကားဘရိတ်ပေါက်သွားပြီး သေကုန်ကြမှာလား။ လွတ်သွားမှာလားဆိုတာ ကြည့်ရင်း တစ်ဝကြီးရယ်မောလိုက်ကြရအောင်ပါ။ Imdb rating ကတော့ (4.0/10) ပဲရထားတဲ့အတွက် နည်းတယ်ဆိုပေမယ့် My drama list မှာ (7.8/10)တောင် ရထားတာကြောင့် ဟာသကားကြိုက်ကြတဲ့ ပရိသတ်တွေအတွက်တော့ နှစ်ခြိုက်ကြမှာ အသေအချာပါပဲ။