
ပထမဇာတ်ကားထဲမှာ နျူ့ရဲ့အကူအညီနဲ့ ကမ္ဘာ့အလိုအရှိဆုံးမှော်ဆရာ ဂရင်းဒဲဝေါကို အမေရိကန်နယူးယောက်မှာ အမေရိကန်မှော်ဝန်ကြီးဌာနက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သို့သော်ငြားလည်း ဂရင်းဒဲဝေါဟာ အက်ကဇဘန်သို့ အပြစ်သားလွှဲပြောင်းမှုလုပ်နေစဉ်အတွင်းမှာ သူ့နောက်လိုက်အကူအညီနဲ့ ပြန်လည်လွတ်မြောက်သွားခဲ့ကာ မှော်မဲ့တွေနေထိုင်တဲ့ကမ္ဘာကိုပါ ကြီးစိုးချင်တဲ့သူ့ အစီအစဉ်အား အကောင်အထည်ဖော်ပါတော့တယ်။ သူခြေလှမ်းတွေကိုသိမြင်နေတဲ့ ဒမ်ဘဲလ်ဒိုးဟာလည်း သူ့ယုံကြည်ရတဲ့တပည့်ဖြစ်သူ နျူ့စကန်မန်ဒါကို ဂရင်းဒဲဝေါရဲ့ မှော်မဲ့တွေကိုအုပ်စိုးမယ့်အစီအစဉ်ကိုတားနိုင်ဖို့ရာ ပထမဇာတ်ကားမှာမသေခဲ့ဘဲ လွတ်မြောက်သွားတဲ့ ခရီးဒန့်အား ဂရင်းဒဲဝေါရဲ့ လက်အောက်ခံယုံကြည်သူအဖြစ်ပါမသွားစေရန် ဖျောင်းဖျဖို့စေလွှတ်ပြီး တစ်ဖက်မှာလည်း ခရီးဒန့်ဟာ သူ့သရုပ်မှန်ကို ရှာဖွေနေရင်း ဂရင်းဒဲဝေါရဲ့ ဖြားယောင်းမှုအောက်ကျဆုံးကာ သူ့ရဲ့အကြမ်းဖက်လမ်းစဉ်ကြီးမှာ ပါဝင်သွားမလား။ နျူ့စကန်မန်ဒါတစ်ယောက်ကပဲ သူ့အား ဖြောင်းဖြနိုင်ကာ ဂရင်းဒဲဝေါရဲ့အကြံအစည်အား ရပ်တန့်နိုင်မလားဆိုတာကို အလှည့်အပြောင်းတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Movies Name | Webpage Link |
---|---|
Fantastic Beasts and Where to Find Them (2016) | Click Here |
Fantastic Beasts: The Crimes of Grindelwald (2018) | Click Here |
Fantastic Beasts: The Secrets of Dumbledore (2022) | Click Here |