
Fantastic Beasts and Where to Find Them စာရေးဆရာမ J.K.Rolling ရဲ့ နာမည်ကြီးစာအုပ်ကို ဇာတ်ကားအသွင်ပြန် ရိုက်ထားတာ ဖြစ်ပြီး ဟယ်ရီပေါ်တာ ရဲ့ အရင်ဖြစ်ခဲ့တဲ့ အကြောင်းအရာလို့သတ်မှတ်နိုင်ပါတယ်။ ဟော့ဝက်ကျောင်းလည်းရှိနေပြီဖြစ်ပြီး ပရော်ဖက်ဆာ အဲဘတ်ဒမ်ဘဲဒေါကျောင်းအုပ်ဖြစ်နေဆဲအချိန်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ နျူ့စကန်မန်ဒါဆိုတဲ့ ဟော့ဂ်ဝက်စ်ကျောင်းက ကျောင်းသား တစ်ယောက်မှာ အံ့ဩစရာအကောင်ပေါင်းစုံရှိတဲ့ သေတ္တာတစ်လုံးရှိနေပါတယ်။ သူဟာ အမေရိကန် ကိုရောက်လာပြီးနောက် သူ့သေတ္တာထဲက အကောင်လေးတစ်ကောင်ပျောက်သွားလို့ လိုက်ရှာရာမှစပြီး အမေရိကန်မှော်ပညာအသိုက်အဝန်းနဲ့ရင်ဆိုင်ရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ နယူးယော့ခ်မြို့ကိုအမည်မသိမှော်ပညာတစ်ခုကတိုက်ခိုက်နေပြီး ဒါကို နျူ့ရဲ့ သေတ္တာထဲကအကောင်ရဲ့လက်ချက်ဆိုပြီး စွပ်စွဲလာတဲ့အခါမှာ တော့…. ၂၀၁၆ မှာထွက်ရှိထားတာဖြစ်ပြီး Eddie Redmayne, Katherine Waterston, Dan Fogler, Alison Sudol, Ezra Miller, Samantha Morton, Jon Voight, Carmen Ejogo, Ron Perlman, နဲ့ Colin Farrell တို့ကအဓိကသရုပ်ဆောင်ပေးထားပြီး ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲကိုရိုက်ကူးသူ David Yates ကပဲရိုက်ကူးပေးထားတာဖြစ်ပါတယ်။
Movies Name | Webpage Link |
---|---|
Fantastic Beasts and Where to Find Them (2016) | Click Here |
Fantastic Beasts: The Crimes of Grindelwald (2018) | Click Here |
Fantastic Beasts: The Secrets of Dumbledore (2022) | Click Here |