
IMDb 7.1/10 ရရှိထားတဲ့ ဒီ Extreme Job ဆိုတဲ့ ကိုရီးယားဇာတ်ကား စုံထောက်ဟာသကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 2019 ခုနှစ် မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားထဲမှာ ခေါင်းဆောင် ဂိုအဖြစ် မင်းသားကြီး လျိုဆန်းလျူ၊ စုံထောက်ယောင်းဟိုအဖြစ် မင်းသား လီဒုံဟွီ၊ စုံထောက် မာအဖြစ် ဂျင်ဆောင်းဂယူ၊ စုံထောက်ဂျန်းအဖြစ် လီဟာနီး၊ ဂျယ်ဟွန်းအဖြစ် ဂုံးမြောင်း ( NCT ဒိုယောင်းရဲ့ အစ်ကိုဖြစ်သူ) တို့နဲ့ အခြား သရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အမြဲတမ်း တလွဲတချော်လုပ်မိလို့ ရာထူးမတိုးနိုင်သေးတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့ခေါင်းဆောင်ဂိုနဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ လုပ်ငန်းတာဝန်ဆိုင်းငံ့ခံရလုနီးနီးဖြစ်တဲ့အချိန်မှာ အကြီးဆုံးမူးယစ်ဂိုဏ်းခေါင်းဆောင် လီမူဘယ် ကို ခြေရာခံမိသွားပါတယ်။ သူတို့ဟာ မူးယစ်ဂိုဏ်းကို ကြက်ကြော်ဆိုင်တစ်ခုကနေ လျှို့ဝှက်ထောက်လှမ်းဖို့အတွက်လုပ်ရင်း အမှတ်မထင် ကြက်ကြော်ဆိုင်ဖွင့်လိုက်ရတဲ့ အခြေအနေရောက်သွားတဲ့အခါမှာတော့ သူတို့ ဘယ်လိုဆက်ဖြစ်မလဲ၊ အလွဲလွဲအချော်ချော်လုပ်တတ်တဲ့ သူတို့ အဖွဲ့ ဒီအမှုကို ကိုင်တွယ်နိုင်မှာလား စတာတွေကို စိတ်ဝင်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ သူတို့ရဲ့ တလွဲတချော် လုပ်ပုံကိုင်ပုံတွေ၊ တရားခံကို ဖမ်းဖို့ လုပ်တဲ့ပုံတွေကို အက်ရှင်သီးသန့်မဟုတ်ပဲ ဟာသဇာတ်ကွက်လေးတွေနဲ့ပါ ထည့်သွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ ကြည့်ရတာ လုံးဝ ပျင်းမှာမဟုတ်ပါဘူး။ ဒါဆိုရင် ဒီစုံထောက်ဟာသကားလေးကိုကြည့်ပြီး ခွီလို့ရပါပြီနော်။။