
ဒီရုပ်ရှင်ကတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဝင်ငွေ ၆၉.၅ သန်းကျော် ရရှိထားပြီး ၂၀၁၉ခုနှစ်မှာ တောင်ကိုရီးယားရဲ့ တတိယမြောက်ဝင်ငွေ အများဆုံးရရှိသည့် ရုပ်ရှင်ဖြစ်ပြီး ကိုရီးယားနိုင်ငံအတွင်း တတိယမြောက်ကြည့်ရှု့မှုအများဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ တက္ကသိုလ်ကျောင်းတက်တုန်းက အကောင်းဆုံးတောင်တက်သမားတစ်ဦးဖြစ်ခဲ့တဲ့ Yong Nam (Jo Jong Suk) ဟာ လက်ရှိမှာ အလုပ်လက်မဲ့ လူပျိုတစ်ယောက်ဖြစ်ပြီး မိဘတွေနဲ့အတူတူ နေထိုင်နေပါတယ် တစ်ရက်မှာ မိခင်မွေးနေ့ပွဲ ကျင်းပတဲ့နေရာမှာ သူ အရင်က သဘောကျခဲ့တဲ့ Eui Joo (Im Yoon Ah)ကို ဒုမန်နေဂျာအဖြစ်နဲ့ တွေ့လိုက်ရပါတယ် နှစ်ယောက်သား စကားပြောနေကြရင်း သူ့ကို Eui Joo အထင်ကြီးသွားအောင် အလုပ်အကိုင်နဲ့ပတ်သက်ပြီး လိမ်ပြောလိုက်ပါတော့တယ် ခဏအကြာ အဆောက်အဦတစ်ခုရဲ့ အနီးနားမှာ ထရပ်ကားတစ်စီးကနေ အဆိပ်ငွေ့ကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် ပျံ့နှံ့သွားပါတယ် ကယ်ဆယ်ရေးတွေ လာတဲ့အခါ အဆင်မပြေမှုတွေကြောင့် အခြားသူတွေကို အရင် ထည့်လွှတ်လိုက်ပြီး သူတို့နှစ်ယောက်က နေခဲ့ကြပါတယ် အဆိပ်ငွေ့တွေက အလျင်အမြန် ပျံ့နှံ့လာပြီး အဲ့ဒီနေရာမှ လွတ်မြောက်အောင် ကြိုးစားမှုများကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြသထားတာဖြစ်ပါတယ်