
ဒီကားဟာဆိုရင်တော့ ပရိသတ်ကြီးတို့အားလုံးရင်းနှီးကြတဲ့ မင်းသမီးကြီး မီရှယ်လ်ယိုရဲ့ ၂၀၂၂ လောလောလတ်လတ်က ထွက်ရှိထားတဲ့ Everything Everywhere All at Once ဆိုတဲ့ အပြိုင်စကြဝဠာတွေပါတဲ့ သိပ္ပံကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ မီရှယ်လ်ယိုက Evelyn Wang အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Evelyn ဟာ တရုတ်ပြည်မှာမွေးဖွားလာတာဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ ခိုးရာလိုက်ပြေးပြီးနောက် အမေရိကန်ကို ပြောင်းရွှေ့လာတဲ့သူတစ်ယောက်ပေါ့။ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး အခြေအနေမကောင်းလှတဲ့ ပင်မင်းဆိုင်တစ်ဆိုင်ကို ဖွင့်ထားပါတယ်။ စီးပွားရေးအဆင်မပြေသလို အိမ်တွင်းရေးကလည်း ပြေလည်လှတယ်ရယ်လို့ မဟုတ်ပါဘူး။ ယောကျ်ားဖြစ်သူနဲ့အဆင်မပြေ အဖေနဲ့မတည့် သမီးနဲ့ကလည်းတကျက်ကျက်နဲ့ပါ။ တစ်နေ့ ပင်မင်းဆိုင်အတွက် အခွန်အခတွေသွားဆောင်ရင်း ရုတ်တရက်ကြီး သူ့ယောကျ်ား ဝေမွန်ကိုယ်ထဲကို အပြိုင်စကြဝဠာ Alpha က ဝေမွန်က ရောက်ရှိလာပြီး Evelyn ဟာ အသက်အန္တရာယ်ရှိနေကြောင်း သူ့မှာတခြားစကြဝဠာတွေကို ခုန်ကူးနိုင်တဲ့စွမ်းရည်ရှိကြောင်း သူနဲ့အတူလက်တွဲပြီး မဟာရန်သူကြီးကို စကြဝဠာပေါင်းစုံအနှံ့သွားပြီး ရင်ဆိုင်သင့်ကြောင်း လာရှင်းပြပါတယ်။ Evelyn ကို သတ်ချင်နေတဲ့ မဟာရန်သူဟာ ဘယ်သူများလဲ။ Evelyn ကရော စကြဝဠာခုန်ကူးခြင်းကို လုပ်ဆောင်နိုင်တာလား။ စကြဝဠာဘယ်နှခုလောက်ကို ခုန်ကူးပြီး ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာတွေအပါအဝင် ချစ်ခြင်းမေတ္တာရဲ့အရေးပါပုံ၊ မိဘနဲ့သားသမီးကြား ဇနီးနဲ့ခင်ပွန်းကြားကဆက်ဆံရေးတွေ နားလည်မှုတွေအကြောင်းကိုလည်း ခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ နေရာတိုင်းအချိန်တိုင်းကို တပြိုင်နက်တည်းရောက်နိုင်တဲ့ လူသားတစ်ယောက်ဟာ ဘယ်လိုစွမ်းဆောင်နိုင် ဘယ်လိုအစွမ်းတွေများရရှိနိုင်မလဲဆိုတာကို အက်ရှင်မင်းသမီးကြီးရဲ့ ဟာသရသဖြည့်စွက်ထားတဲ့ အက်ရှင်ခန်းများနဲ့အတူ ကြည့်ရှုရမှာဖြစ်လို့ အကြမ်း အလွမ်း ဟာသ သိပ္ပံတွေရောထားတဲ့ ဒီကားကောင်းလေးကို လက်မလွှတ်ခံဘဲ ဒေါင်းကြည့်သင့်ကြောင်း သတိပေးပါရစေ ပရိသတ်ကြီးတို့ရေ…
True beauty 2020 တင်ပေးပါ