
ပြီးခဲ့တဲ့ဇာတ်ကားမှာ ရှင်းဂျီတစ်ယောက် သူ့ရဲ့အကောင်းအဆိုး အရာအားလုံးကို လက်ခံနားလည်ပေးခဲ့တဲ့သူငယ်ချင်း ကအိုရုဟာ သူ့ကိုယ်စား သူ့မျက်စိရှေ့မှာတင် ပေါက်ကွဲအသေခံသွားတာကို မြင်တွေ့လိုက်ရပါတယ်။ ဇာတ်ကားအစကတည်းက သူ့ကို အဲဗာမစီးဖို့ လူတိုင်းက အတန်တန်မှာထားတာကို သူကစီးဖို့ကိုရွေးချယ်ခဲ့မိလို့ဆိုပြီး သူ့ကိုယ်သူအပြစ်တင်ရင်း ကြီးစွာနောင်တရပြီး တစ်ဖန်ပြန်စိတ်ဓာတ်ကျရပြန်ပါတယ်၊ ၃.၃၃ ဇာတ်ကားအဆုံးမှာမြင်ခဲ့ရတဲ့အတိုင်း မသေချင်မရှင်ချင်ဖြစ်နေတဲ့ ရှင်းဂျီနဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့ အရနမီကို အစုကတစ်ယောက် တစ်နေရာရာကိုခေါ်သွားခဲ့ပါတယ်။ အဲ့ဒီနေရာကတော့ ဒီကမ္ဘာပေါ်မှာ နောက်ဆုံးသောအသက်ရှင်ကျန်သူတွေ စုနေကြတဲ့ ရွာ ၃ ရွာထဲက တစ်ရွာပဲဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ရွာထဲမှာ ငယ်ကျွမ်းဆွေသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ စုဇုဟရနဲ့ ကန်းစုကဲတို့နဲ့လည်း တွေ့ခဲ့ပါတယ်။ ဆိုပေမဲ့လည်း မျက်စိရှေ့တင် ကအိုရုသေသွားတာနဲ့ သူ့ကြောင့်ထပ်ဖြစ်လာတဲ့ အပျက်အစီးတွေကိုမြင်ခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာနက်လွန်းပြီး မပြုံးနိုင် မစားနိုင် မသောက်နိုင်ဘဲ တငိုင်ငိုင်သာဖြစ်နေတဲ့ ရှင်းဂျီနဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ အရနမီတို့ဟာ ဘဝကိုဘယ်လိုဆက်လှမ်းကြမလဲ။ တစ်ဖက်က ကမ္ဘာအရေးရဲ့နောက်ဆုံးသောတိုက်ပွဲမှာကော သူ့အဖေ အီကရီ ဂန်းဒိုပဲ အနိုင်ပိုင်းသွားမှာလား၊ အစ်မမီဆတိုတို့ဘက်က ဆန်းကြယ်ဖြစ်ရပ်တစ်ခုခုဖော်ဆောင်ပြီး အနိုင်ယူနိုင်သွားမှာလား စသဖြင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အချိန် ၂ နာရီခွဲကြာမြင့်ပြီး အဲဗန်ဂလီယွန်ဇာတ်ကားတွဲကြီးရဲ့ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ ဟောဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။
Movies Name | Webpage | Telegram |
---|---|---|
Evangelion: 1.0 You Are (Not) Alone (2007) | Click Here | Click Here |
Evangelion: 2.0 You Can (Not) Advance (2009) | Click Here | Click Here |
Evangelion: 3.0 You Can (Not) Redo (2012) | Click Here | Click Here |
Evangelion: 3.0+1.0 Thrice Upon a Time (2021) | Click Here | Click Here |