
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားကတော့ ဟိုတစ်ခါတင်ဆက်ပေးထားတဲ့ Evangelion 1.11 ဇာတ်ကားရဲ့အဆက် တစ်ဖြစ်လဲ Evangelion Rebuild ရဲ့ဒုတိယဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားမှာဆိုရင် ဥရောပဘက်က တခြား အဲဗာမောင်းနှင်သူ ဇာတ်ကောင်အသစ်နှစ်ယောက်ထပ်ပါလာမှာပါ။ အဲဗန်ဂလီယွန်စက်ရုပ်ကြီးတွေရောပေါ့။ လူသားတွေနဲ့ တမန်တော်တွေကြား ကမ္ဘာပျက်တိုက်ပွဲထဲ ဆွဲထည့်ခံရတဲ့ ကလေးငယ်တစ်ယောက်ဖြစ်ပြီး၊ မိခင်ဆုံးပါးပြီးသွားကတည်းက ဖခင်မေတ္တာပါငတ်နေရှာတဲ့ ရှင်းဂျီဟာ အချိန်တွေကြာမြင့်လာတာနဲ့အမျှ တခြားအဲဗာမောင်းနှင်သူတွေနဲ့ ဆက်ဆံရေးတွေ တိုးတက်လာခဲ့ပေမယ့်လည်း သူ့အဖေနဲ့သူ့ကြားက ဆက်ဆံရေးလေးကကော ရှေ့ဆက်လို့ရနိုင်ပါ့မလားဆိုတာကို နောက်ထပ် ထပ်လာမယ့် တမန်တော်အကြမ်းစားတွေနဲ့ တိုက်ပွဲတွေ၊ နောက်ခံသီချင်းတွေ ဝေဝေဆာဆာနဲ့ ရှုစားကြရမှာပါ။
Movies Name | Webpage | Telegram |
---|---|---|
Evangelion: 1.0 You Are (Not) Alone (2007) | Click Here | Click Here |
Evangelion: 2.0 You Can (Not) Advance (2009) | Click Here | Click Here |
Evangelion: 3.0 You Can (Not) Redo (2012) | Click Here | Click Here |
Evangelion: 3.0+1.0 Thrice Upon a Time (2021) | Click Here | Click Here |