
ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Evangelion Rebuild ရဲ့ပထမဆုံးဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းဟာဆိုရင် ကမ္ဘာကိုဖျက်မဲ့ နတ်ဘုရားတမန်တော်ဆိုတဲ့အကောင်တွေနဲ့ လူသားမျိုးနွယ်တို့ကြားက စစ်ပွဲအကြောင်းရိုက်ထားတာဖြစ်ပြီး စီးရီးခေတ်ကတည်းက တချို့သော anime fan တွေရဲ့ရင်ထဲမှာ နေရာယူထားတဲ့ကားမျိုးပါ။ ဆက်ညွှန်းရရင် ဒီတမန်တော်ဆိုတဲ့ ဧရာမအကောင်ကြီးတွေဟာ ဘယ် လူလုပ်သေနတ်၊ ဗုံး၊ ဒုံးလက်နက်မှ မတိုးအောင်ကာကွယ်ပေးထားတဲ့ အကြွင်းမဲ့အကာအရံ အေတီစက်ကွင်းကိုပိုင်ဆိုင်ထားကြတဲ့အတွက် လူသားမျိုးနွယ်ဘက်က ဒီတမန်တော်ဆိုတဲ့အကောင်တွေကိုရင်ဆိုင်ဖို့ စက်ယန္တရားတွေ ထွင်နေခဲ့ပါတယ်။ အဲ့ထဲမှာမှ အဓိကအထိရောက်ဆုံးကတော့ တမန်တော်တွေနဲ့အလားတူ အေတီစက်ကွင်းထုတ်လုပ်နိုင်အောင် ဖန်တီးထားတဲ့ Evangelion ဆိုတဲ့စက်ရုပ်ကြီးတွေပါ။ ဒီကားထဲမှာ မင်းသားကတော့ ရှင်းဂျီဆိုတဲ့ အဖေဂရုစိုက် ချီးမွန်းတာခံချင်တဲ့ ၁၄ နှစ်အရွယ်ကောင်လေးပါ။ သို့ပေမဲ့ သူ့အဖေဟာ သူ့အပေါ် အင်မတန်မှ သွေးအေးလှသူပါ။ တစ်နေ့မှာတော့ ရှင်းဂျီဟာ သူ့အဖေခေါ်လို့ဆိုပြီး အဖေဖြစ်သူအလုပ်လုပ်တဲ့မြို့ကို လာခဲ့ပါတယ်။ သို့သော်လည်း ဖအေဖြစ်သူဟာ သူရောက်ရောက်ချင်းမှာပဲ သူ့ဘဝတလျှောက် ခုမှမြင်ဖူးတဲ့ အဲ့ဒီ Evalgelion ဆိုတဲ့စက်ရုပ်ကြီးကို အတင်းအကြပ် မောင်းခိုင်းခဲ့ပါတယ်။ သာမန်ဘဝနဲ့ပဲ နေထိုင်ဖြတ်သန်းလာခဲ့တဲ့ ရှင်းဂျီလေးဟာ ရုတ်တရက်ကြီး စက်ရုပ်ကြီးကိုစီး တမန်တော်ဆိုတဲ့အကောင်တွေကိုတိုက်ခိုက်ရင်း စိတ်ဒဏ်ရာတွေ ပိုပိုပြီးနက်ရှိုင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စီးရီးထဲကလို ရှင်းဂျီတစ်ယောက် စိတ်ဒဏ်ရာတွေနဲ့ပဲ လက်မြှောက်အရှုံးပေး လဲကျသွားပြီး လူသားမျိုးနွယ် ပျက်သုဉ်းကုန်မှာလား၊ ဒါမှမဟုတ် မတူညီတဲ့ရလဒ်တစ်ခုထွက်လာမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်ကြည့်ပေးကြပါဗျ။
Movies Name | Webpage | Telegram |
---|---|---|
Evangelion: 1.0 You Are (Not) Alone (2007) | Click Here | Click Here |
Evangelion: 2.0 You Can (Not) Advance (2009) | Click Here | Click Here |
Evangelion: 3.0 You Can (Not) Redo (2012) | Click Here | Click Here |
Evangelion: 3.0+1.0 Thrice Upon a Time (2021) | Click Here | Click Here |