ဒီတရုတ်ကားလေးကတော့ ၂၀၂၁ ကမှ ပူပူနွေးနွေး ထွက်ထားတဲ့ ငါးမန်းကားလေးပါ။ ငါးမန်းရဲ့ ကိုက်ချက်တွေကို သွေးသံတရဲရဲနဲ့ ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားက အံကိုက်ပါပဲ။ ဇာတ်ကားတစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်နေရမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရေငုပ်ချန်ပီယံဟောင်း ဝမ်လေဟာ သူ့မိန်းမကို ဆုံးရှုံးလိုက်ရပြီးကတည်းက ကျွန်းမှာ တစ်ယောက်တည်း ပေပေတေတေ နေလာခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ပါတီပွဲ တစ်ခုမှာ လီဆာဆိုတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ပြီးနောက်နေ့မှာပဲ ကျွန်းမှာ ဆူနာမီ လှိုင်းလုံး တွေ ထလာပြီး တစ်ကျွန်းလုံးကို ရေလွှမ်းသွားပါတော့တယ်။ ကံဆိုးမသွားရာ မိုးလိုက်ရွာ ဆိုသလိုပဲ.. ဆူနာမီ လှိုင်းလုံးတွေနဲ့အတူ ငါးမန်း ပါလာပါတယ်။ အဲ့နောက်မှာ ငါးမန်းက သူတို့နောက်ကို လိုက်လာပါတော့တယ်။ သူတို့တွေ ငါးမန်းစားတာပဲ ခံရမလား၊ ငါးမန်းလက်ကပဲ လွတ်နိုင်မလားဆိုတာတော့ ပရိသတ်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ