
ဒီကားလေးကတော့ ၁၉၉၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆိုမာလီယာနိုင်ငံ မိုဂါဒီရှူးဆိုတဲ့မြိုမှာ အစိုးရကိုဆန့်ကျင်သူတွေရဲ့ပုန်ကန်မှုကနေတစ်ဆင့် ပြည်တွင်းစစ် အထိဖြစ်ပွားမှုစတင်ခဲ့ပါတယ် ဆိုမာလီယာအစိုးရရဲ့ ယုတ်မာမှုတွေကို သဘောမကျတဲ့ပြည်သူတွေဟာ လက်နက်များစုဆောင်းပြီး ပြည်တွင်းစစ်ကိုတရားဝင်စတင်လိုက်ချိန်မှာတော့ အစိုးရနဲ့ ပတ်သက်နေတဲ့သံရုံးတွေ ဒုက္ခစရောက်ကြပါတော့တယ် အစိုးရဘက်ကိုကပ်ထားတဲ့ တောင်ကိုရီးယား မြောက်ကိုရီးယားသံရုံးတိုဟာ မိုဂါဒီရှူး မြို့ကနေထွက်ပြေးဖို့ ကိုယ်တိုင်ပြေးလမ်းရှာမှဖြစ်မယ့်အခြေအနေထိ ဖြစ်လာပါတယ် အမြဲမတည့်ခဲ့ကြတဲ့ တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ အသက်ဘေးက နေထွက်ပြေးဖိုအချိန်ရောက်လာတော့ နှစ်နိုင်ငံသံရုံးဝန်ထမ်းများပူးပေါင်းပြီး တစ်ယောက်ကိုတစ်ယောက်အကူအညီ ပေးကာ လွတ်မြောက်ရန်ကြိုးစားကြပုံကိုသည်းထိတ်ရင်ဖိုဖွယ်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ် စစ်ပွဲကာလ အခြေအနေတွေကို သေချာရိုက်ကူးထားလို ဒီကိုကာလမှာကြည့်သင့်တဲ့ကား ကောင်းတစ်ကားလိုလည်း ပြောလိုရပါတယ် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံလုံး မိုဂါဒီရှူးကနေလွတ်မြောက်သွားမလား လွတ်မြောက်အောင်ဘယ်လိုတွေကြိုးစားကြမလဲဆိုတာ ဒီဇာတ်ကားလေးကနေ ကြည့်ရှုခံစားနိုင်ပါပြီ