
အခုတစ်ခေါက်မှာတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိထားတဲ့ entrapment ဆိုတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ မင်းသားကြီး Sean Connery နဲ့ဆွဲဆောင်မှုရှိတဲ့မင်းသမီးချောလေး Catherine Zeta-Jones တို့ကအဓိကသရုပ်ဆောင်အနေနဲ့ပါဝင် သရုပ်ဆောင်ထားပါတယ် တစ်ညမှာတော့ နယူးရော့ခ်မြို့က အဆောက်အဦတစ်ခုကနေ တန်ဖိုးကြီး ရမ့်ဘရန့်ပန်းချီကားကိုခိုးခံလိုက်ရပါတယ် အဲဒီကိစ္စကို ဖြေရှင်းဖို့အတွက် ဝေဗာလီအာမခံကုမ္ပဏီက မစ္စတာခရုဇ်ဟာ ဗာဂျင်နီယာဘိတ်ကာဆိုတဲ့ အေးဂျင့်မလေးကို သံသယရှိတဲ့ အနုပညာပစ္စည်းတွေကိုခိုးတဲ့ ဂန္တဝင်သူခိုးကြီး မက်ခ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတယ် ဘိတ်ကာဟာ သူ့ဘာသာ သူခိုးလို့ပြောပြီး မက်ခ်ကို ချဉ်းကပ် ခဲ့ပါတယ် မက်ခ်နဲ့အတူ ဘရက်ဖို့ဒ်နန်းတော်က တရုတ်မျက်နှာဖုံးတစ်ခုကို ခိုးခဲ့ပါတယ် မက်ခ်ဟာ ဘိတ်ကာကို အာမခံ ကုမ္ပဏီရဲ့ အေးဂျင့် ဆိုတာသိသွားခဲ့ပါတယ် ဒါပေမဲ့ ဘိတ်ကာဟာ သူ့ရဲ့အေးဂျင့်အလုပ်က အပေါ်ယံအလုပ်ဖြစ်ပြီး ဒေါ်လာ တစ်ဘီလီယံရမယ့် အလုပ်တစ်ခုရှိလို့ သူနဲ့လုပ်ဖို့ မက်ခ်ကိုကမ်းလှမ်းခဲ့ပါတယ် အဲဒီအလုပ်ကတော့ မလေးရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဘဏ်ခွဲထဲက ဒေါ်လာ ရှစ်ဘီလီယံကို ၂၀၀၀ ခုနှစ်ကိုမပြောင်းခင် ညသန်းခေါင်ယံမှာခိုးကြရမှာပါ မက်ခ်နဲ့ ဘိတ်ကာတို့ နှစ်ယောက်ရဲ့ ခိုးတဲ့ အစီအစဉ်ကရော အောင်မြင်သွားမှာလား ?ဘိတ်ကာရဲ့သရုပ်မှန်ကိုရော ခရုဇ်ဘယ်လိုသိသွားမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ ၁၉၉၉ ခုနှစ်က ထွက်ထားပေမယ့် ဇာတ်လမ်းအလှည့်အပြောင်း စိတ်လှုပ်ရှားဖွယ်တွေနဲ့ ကြည့်ရှုသူကိုဆွဲဆောင်သွားတဲ့ IMDb rating 6.3/10 ရရှိထားတဲ့ အက်ရှင်ကားကောင်းလေး ဖြစ်တဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါ