
ဒီတရုတ်သရဲကားလေးကတော့ ၁၉၈၀ ခုနှစ်လောက်တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး တရုတ်သရဲကားလေးပါ။ ဒီဇာတ်ကားလေးကို မင်းသားကြီး ဂျက်ကီချန်းရဲ့ ဆရာဖြစ်တဲ့ Sammo Kam-Bo Hung က သူပဲ ဒါရိုက်တာ လုပ်၊ သူပဲ မင်းသားလုပ်နဲ့ သူကိုယ်တိုင် ကြိုးကြိုးစားစား အားထုတ်ပြီး ရိုက်ထားတာပါ။ IMDb RATING အနေနဲ့လည်း 7.1 တောင် ရထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ ရွှေပန်းသီးမှာ အတွဲလိုက်ကို တင်ပေးခဲ့တဲ့ Mr. Vampire ထဲက သရဲနိုင်ဆရာကြီး Ching-Ying Lam လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် သိုင်းချတဲ့ အက်ရှင်ခန်းတွေကိုလည်း အခုခေတ်တရုတ်ကားတွေလို Effect တွေသုံးပြီး ချတာ မဟုတ်ဘဲ အမှန်အကန် ချတာကို တွေ့ရမှာပါ။ ပြောရရင် ဒီတရုတ်သရဲကားလေးဟာ Action, Comedy, Fantasy ဆိုတဲ့အတိုင်း ရသမျိုးစုံ တကယ်ပေးစွမ်းနိုင်တဲ့ တကယ်ကို ကောင်းတဲ့ ဇာတ်ကားလေးပါ။ ရွှေပန်းသီး ပရိတ်သတ်ကြီးလည်း ဒီဇာတ်ကားကို မကြည့်ရသေးရင် သေချာပေါက် ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ခုန်ဆွ ခုန်ဆွ တရုတ်သရဲကို ကြိုက်တဲ့သူဆိုရင် ဒီကားကိုလည်း ကြိုက်မှာ ကျိန်းသေပါတယ်။ ဇာတ်ကားအကြောင်း ပြောရရင်ဖြင့် သတ္တိ ကောင်းတဲ့ ဖက်တီးကျန်း ဆိုပြီး သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့ Sammo Kam-Bo Hung ဟာ သူ့မိန်းမ နောက်မီးလင်းနေတာကို မသိဘဲ သူ့သူဋ္ဌေး ကို မြင်းလှည်းမောင်းပို့နေရာက တစ်ရက်မှာ သူ့မိန်းမ နောက်မီးလင်းနေတာကို လက်ပူးလက်ကြပ်မိသွားပါတယ်။ ဒါပေမဲ့လည်း တစ်ခုရှိတာက သူ့မိန်းမနဲ့ အိပ်နေတဲ့ကောင်ကို မမိလိုက်ဘဲ သူ့ဖိနပ်တစ်ဖက်ပဲ ရလိုက်ပါတယ်။ အဲ့မှာတင် သူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့သူက သူ့ကို အောက်လမ်း သုံးပြီးသတ်ဖို့ ကြံစည်ပါတော့တယ်။ အဲ့လူက ဘာလို့ သူ့ကို သတ်ချင်တာလဲ၊ သူရော အသက်ရှင်နိုင်ပါ့မလား၊ ဒါတွေကို သိချင်ရင်တော့ အခုပဲ ဝင်ရောက် ကြည့်ရှုလိုက်ပါတော့။
Nice. Good.
1989လေးလည်းတင်ပေးပါ