
အခုတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ၂၀၂၁ ကမှထွက်ရှိထားတဲ့“encanto” ဆိုတဲ့ Disneyကာတွန်းကားသစ်လေးပဲဖြစ်ပါတယ် ဇာတ်လမ်း လေးကတော့ အယ်လ်မာမက်ဒရီဂယ်နဲ့ ပက်ဒရိုတို့ဟာ သုံးမြွှာပူးကလေးကိုမွေးပြီးပြီးချင်းအိမ်ကနှင်ထုတ်ခံလိုက်ရပါတယ် သူတို့အိမ်အသစ်ကို ရှာဖွေဖို့ထွက်လာချိန်မှာ အန္တရာယ်ဆိုးကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်သူတို့ဒုက္ခရောက်နေချိန်မှာ မှော်ဖယောင်းတိုင်လေးကကူညီပြီး အန်ကန်တိုဆိုတဲ့ နေရာလေးကို ဖန်တီးပေးခဲ့ပါတယ် သူတို့နေထိုင်ဖို့ ကက်စီတာအိမ်ကိုလည်းဖန်တီးပေးခဲ့ပါတယ် မှော်ဖယောင်းတိုင်လေးဟာ ဖွားဖွား မက်ဒရီဂယ်ကစလို့ မက်ဒရီဂယ်မျိုးဆက်တွေကို တစ်ယောက်ချင်းစီမတူညီတဲ့မှော်စွမ်းအားတွေပေးခဲ့ပါတယ် ဒါပေမဲ့မြေးမလေး မီရာဘယ် အလှည့်မှာတော့ မှော်အစွမ်းမရခဲ့ပါဘူး မီရာဘယ်တစ်ယောက်တည်းသာ မှော်အစွမ်းမရှိတဲ့ မက်ဒရီဂယ်တစ်ယောက်ဖြစ်ခဲ့ပါတယ် မက်ဒရီဂယ်တို့မိသားစုဟာ သူတို့ရဲ့ထူးခြားတဲ့စွမ်းအင်တွေနဲ့ မြို့ထဲကလူမှန်သမျှကိုကူညီပေးလို့ အားလုံးရဲ့လေးစားချစ်ခင်ခြင်းကို ခံရတဲ့ သူတွေ ပါ တစ်နေ့မှာတော့ မီရာဘယ်ရဲ့တစ်ဝမ်းကွဲမောင်လေး အန်တိုနီယို မှော်အစွမ်းကိုလက်ခံရမယ့်ပွဲညကိုရောက်လာခဲ့ပါတယ် အဲဒီညမှာပဲ မာရီဘယ်ဟာ ထူးဆန်းစွာနဲ့ ကက်စီတာအိမ်ကြီးမှာအက်ကွဲကြောင်းတွေတွေ့ခဲ့ရပြီး ဖယောင်းတိုင်ဟာလည်းငြိမ်းတော့မလို ဖြစ်နေတာ တွေ့ခဲ့ရပါတယ် အဲဒီအကြောင်းကို အဖွားဖြစ်သူကိုပြောပြခဲ့ပေမယ့် အဖွားကမီရာဘယ်အမြင်မှားနေပြီး မှော်စွမ်းအင်ကခိုင်မာနေတုန်းပဲလို့ ပြောခဲ့ပါတယ် တစ်အိမ်လုံးကလည်းသူ့စကားကို အတည်မမှတ်ခဲ့ပါဘူး ဒါပေမဲ့မီရာဘယ်လေးဟာ အဖွားဖြစ်သူက မှော်စွမ်းအင်တွေ ပျက်စီးခါနီးပြီလို့ တစ်ယောက်တည်းပြောနေတာကိုကြားခဲ့ရပါတယ် အဲဒါကြောင့်ဘာကမှော်စွမ်းအင်ကိုထိခိုက်စေလဲဆိုတာ သိရဖို့ကြိုးစား ပါတော့တယ် သူ့အစ်မကနေတစ်ဆင့်အဖြေကိုရှာတွေ့ဖို့ဆိုရင် အိမ်ကနေထွက်သွားတယ်လို့သိထားကြတဲ့ ဦးလေးဘရူနိုရဲ့အခန်းကို သွားကြည့်ဖို့ပြောလိုက်ပါတယ် ဘရူနိုရဲ့အခန်းထဲဝင်ကြည့်တော့ ဘရူနိုဟာ အနာဂတ်ကိုကြိုမြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ကက်စီတာပျက်စီး ရတာဟာ မီရာဘယ်ကြောင့်ဖြစ်နိုင်တယ်လို့မြင်ခဲ့တာကို သိလိုက်ရပါတယ် မီရာဘယ်လည်းသူနဲ့ဆက်စပ်နေမှန်းသိလိုက်ရတော့အံ့ဩသွားပြီး အဖြေကိုရှာဖို့ကြိုးစားပါတော့တယ် ဦးလေးဘရူနိုကရောအိမ်ကတကယ်ပဲထွက်သွားတာလား?မာရီဘယ်ကရော ကက်စီတာကိုကယ်တင်နိုင်ပါ့ မလား?ဆိုတာတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုခံစားလိုက်ပါ disney ကားတွေရဲ့ထုံးစံအတိုင်း animation ကောင်းကောင်း သီချင်းကောင်းလေး တွေနဲ့ ဖန်တီးထားတဲ့အတွက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ကာတွန်းကားလေးတစ်ခုပါ IMDb ratingကလည်း7.3/10အထိတောင် ရရှိထားပါ တယ်