
ကဲပရိတ်သတ်ကြီးရေ ဒီတစ်ခါတင်ပေးမယ့်ကားလေးကတော့ လူငယ်အကြိုက် ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ၂၀၂၀ မှာမှ ထွက်ထားတာဆိုတော့ အားလုံး အတွက် အသစ်စက်စက်လေးဖြစ်နေမှာပါ။ ဒီကားလေးထဲမှာတော့ Ella နဲ့ Henry တို့က အရမ်းကို ခင်တဲ့သူငယ်ချင်းတွေပေါ့။ Ella လေးက မျက်လှည့်ပြရတာ ဝါသနာ ပါတယ်။ Henry လေးတော့ ဆပ်ကပ်ဆိုတာတောင် ဘာမှမသိရှာဘူး။ အဲ့တော့ Ella လေးက သူ့အချစ်ဆုံး သူငယ်ချင်းလေး ပျော်ရအောင် ဆပ်ကပ်ပွဲလုပ်ဖို့ စီစဉ်ပြီး လူတွေလိုက်စုတော့တာပဲ။ အဲ့လိုလူစုနေတုန်းမှာပဲ သူတို့ဆီကို Johnry ဆိုတဲ့ ကောင်လေးက ရောက်လာတော့တာပဲ။ Johnry လေးရောက်လာပြီးတဲ့ အချိန်ကစပြီး Ella နဲ့ Henry တို့ ဘာတွေဆက်ဖြစ်မလဲ ။ သူတို့ရဲ့ ဆပ်ကပ်ပွဲကြီးကိုကော အောင်အောင်မြင်မြင်ကျင်းပနိုင်ရဲ့လားဆိုတာတော့ မပြောပြတော့ဘူးနော်။ ဒီကားလေးကို ရွှေပန်းသီးပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့လဲ ယုံကြည်ပါတယ်ရှင်..