
Elevator ဆိုတဲ့အတိုင်း အဆောက်အဦတစ်ခုရဲ့ ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတာပါ။ August 2011 ကထွက်ရှိထားပြီး rating 5.3 ရထားပါတယ်။ ရုံးတွင်းပါတီတစ်ခုကိုတက်ဖို့အတွက် စီအီးအို ဟင်နရီဘာတွန်နဲ့ သူ့မြေးမလေးအပါအဝင် လူ ၉ ဦးဟာ ဓာတ်လှေကားထဲဝင်သွားကြတယ်။ တစ်ခါမှမပျက်ဖူးတဲ့ ဓာတ်လှေကားက သူတို့အလှည့်ကျမှပဲ ထွက်မရဘဲပိတ်မိနေပါတယ်။ ဓာတ်လှေကားကျွမ်းကျင်သူတွေကို ဖုန်းဆက်ခေါ်ပေမယ့် တော်တော်နဲ့ရောက်မလာကြပါဘူး။ မိန်းမကြီးတစ်ယောက်က နှလုံးဖောက်ပြီး အဲ့ထဲမှာဆုံးသွားပါတယ်။ ကံဆိုးစွာနဲ့ အဲဒီမိန်းမကြီးမှာ ချိန်ကိုက်ဗုံးတစ်လုံးပါလာမှန်းသိရတော့ အားလုံးပျာပျာသလဲ ထွက်ဖို့ကြိုးစားတဲ့ အခါ…ဘယ်လိုထိတ်လန့်စရာ သွေးထွက်သံယိုတွေဖြစ်ကုန်မလဲ? အခုလိုပိတ်မိနေတဲ့အတောအတွင်းမှာ တစ်ယောက်အကြောင်း တစ်ယောက် သိပြီး မကျေနပ်ချက်တွေပေါ်လာ…ဒီလိုနဲ့ စိတ်ဝမ်းကွဲပြီးထသတ်ကုန်မလား? စည်းစည်းလုံးလုံးနဲ့ အသက်ဘေးကလွတ်အောင် နည်းလမ်းရှာပြီး ထွက်ကြမလားဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုခံစားလိုက်ပါဦး။