
ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ ခွေးလေး ၈ ကောင်က ဇာတ်လိုက်လို့ပဲပြောရမှာပါပဲ။ အန္တာတိကတိုက်မှာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်နေကြတဲ့ သိပ္ပံပညာရှင်အဖွဲ့ NSF ဟာ နှင်းမုန်တိုင်းကြောင့် ပြန်လာခဲ့ရပါတယ်။ အပြန်ရဟတ်ယာဉ်မှာ နေရာမဆံ့တဲ့ အခါ ခွေးလေး ၈ ကောင်ကို ထားခဲ့ရပါတော့တယ်။ သခင်ဖြစ်တဲ့သူက ထိုခွေးလေး ၈ ကောင်ကို မုန်တိုင်းတွေကြားမှာ ဘယ်လိုသွားပြန်ကယ်မလဲ? ၅ လကြာ သူတို့ဘာသာ နေထိုင်နေရတဲ့ ခွေးလေးတွေကတော့ အသက်ရှင်နေပါဦးမလား? မေတ္တာဖွဲ့ ဇာတ်ကားလေးဖြစ်တာမို့ အလွမ်း အဆွေး နဲ့ ကြည်နူးမှုရသကိုပါ ခံစားရစေမှာပါ။ တကယ့်ဖြစ်ရပ်ကတော့ အန္တာတိကမှာဆိုပေမယ့် ရိုက်ကူးရေးကို Svalbard , Norway, Greenland , British Columbia နဲ့ Canada မှာသွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ခွေးတွေရဲ့ သခင် အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ The Fast and The Furious ဇာတ်ကားထဲက မင်းသားဖြစ်သူ Paul Walker က သရုပ်ဆောင် ပေးထားပါတယ်။ ဝင်ငွေ ၁၂၀.၄ သန်းအထိ ရရှိခဲ့တဲ့ Walt Disney ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တာကြောင့် ဆက်ဆက်ကြည့်လိုက်ကြဖို့ ပြောလိုက်ရပါတယ်။