
ဒီတရုတ်ကားလေးကတော့ ၂၀၂၂ ထဲမှာ ထွက်ထားတဲ့ ဟိုင်နန်က တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တိုက်ဖျက်တဲ့ ရဲကားတစ်ကားပါ။ အားလုံးသိတဲ့အတိုင်း တရုတ်ဟာဆိုရင် တစ်ချိန်က ဘိန်းရဲ့ ကျေးကျွန်ဖြစ်ခဲ့ရတဲ့အတွက် သူတို့အစိုးရဟာ မူးယစ်ဆေးအမှုဆိုတာနဲ့ တခြားအမှုတွေနဲ့ မတူဘဲ အင်တိုက်အားတိုက် လုပ်ခိုင်းပြီး ကျုးလွန်တဲ့သူဆိုရင်လည်း များသောအားဖြင့် သေဒဏ်ပေးတာ များပါတယ်။ ဒီဇာတ်ကားဟာဆိုရင်လည်း သူတို့ဆီက ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ ဒီဇာတ်ကားကို ကြည့်လိုက်တာနဲ့ သူတို့ဆီက မူးယစ်ဆေး လောကအကြောင်းကို တစ်စွန်းတစ်စ သိနိုင်မှာပါ။ ဒါ့အပြင် အက်ရှင်ကားလည်း ဖြစ်တာကြောင့် ကြည့်ရသူအဖို့ တစ်ကားလုံး မပျင်းရဘဲ ကြည့်သွားရမှာ ဖြစ်တဲ့အတွက် အားလုံး ကြည့်ဖို့သင့်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောလိုက်ပါရစေ။