
Dreamcatcher လှလှလေးတွေကို လူတိုင်းသဘောကျကြပါတယ်။ ဒါပေမယ့် အဲ့ဒီမှာလည်း မူကွဲတွေရှိပါသေးတယ်။ Dreamcatcher လေးတွေက အိပ်မက်ဆိုးတွေကို ရောက်မလာအောင် တားဆီးပေးပေမယ့် မကောင်းဆိုးဝါးတွေကို ကိုယ့်ရဲ့အိပ်မက်ထဲ ထည့်ပေးတဲ့ Dreamkatcher တွေလည်း ရှိပါသေးတယ်နော် ဒီဇာတ်ကားထဲမှာတော့ Dreamkatcher ကို Dreamcatcher လို့ထင်မိတဲ့ ကောင်လေး တစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ Josh (Finlay Wojtak-Hissong) ဟာ မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် ဖခင်ဖြစ်သူ Luke (Henry Thomas) မိထွေးဖြစ်သူ Gail (Rhada Mitchell) တို့နဲ့အတူနေထိုင်ရင်း တစ်နေ့မှာတော့ မိခင်ဖြစ်သူသေဆုံးခဲ့ရာ ကျေးလက်အိမ် လေးကို ခရီးထွက်လာတဲ့အချိန်မှာ ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေကို ကြုံတွေ့ လာရပါတော့တယ် ဒါရိုက်တာ Kerry Harris ရဲ့ လက်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သရုပ်ဆောင် စာရင်းကြည့်လိုက်တာနဲ့ကို သရဲကားမုဒ်အပြည့်ဝင်သွားမှာပါ။ ဒီဇာတ်ကားမှာ Insidious မင်းသမီးကြီး Lin Shaye ၊ Silent Hill မင်းသမီး Rhada Mitchell ၊ E.T နဲ့ Hunting of Hill House မင်းသား Henry Thomas တို့ပါဝင်ထားပြီး ကလေးသရုပ်ဆောင် Finlay Wojtak-Hissong လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Jump Scare တွေပါသလို၊ အသည်းတယားယား ရင်တစ်ဖိုဖို ကြည့်ရမယ့် Scary Scenes တွေလည်း တစ်ဝကြီးကြည့်ရမှာပါ။ သရဲကားစစ်စစ်တွေ ရှားတဲ့ ဒီလိုအချိန်မျိုးမှာ သရဲကားကြိုက်တတ်သူတွေအနေနဲ့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။