
အခုတစ်ခေါက် တင်ဆက်ပေးသွားမယ့် Dragon Lord ဇာတ်ကားဟာဆိုရင် ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး မင်းသားကြီး ဂျက်ကီချန်းကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးထားတဲ့ Old but Gold ဇာတ်ကားတစ်ကားဆိုတော့ အထူးညွှန်းနေစရာ လိုမယ်တော့မထင်ပါဘူး။ ဒီဇာတ်ကားထဲမှာဆိုရင် အားလုံ(ဂျက်ကီချန်း)ဟာ အရှေ့ပိုင်းရွာမှာ ဩဇာကြီးလှတဲ့ သခင်ကြီးရဲ့သားတစ်ယောက်ဖြစ်ပါတယ်။ အားလုံမှာ အားနုံဆိုတဲ့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပြီးတော့ သူတို့နှစ်ဦးက အကြိုက်တူ ဝါသနာလည်းတူဆိုတော့ တစ်ဦးနဲ့တစ်ဦး တော်တော့်ကို ခင်မင်ရင်းနှီးကြပါတယ်။ တစ်နေ့မှာ အားလုံသဘောကျရတဲ့ အားလိုင်ဆိုတဲ့ မိန်းကလေး ပေါ်လာပြီး အဲဒီမိန်းကလေးကို အားနုံကလည်း သဘောကျမိသွားတဲ့အခါ သူငယ်ချင်းနှစ်ယောက် အားလိုင်ကို ဘယ်လိုအပြိုင်အဆိုင်တွေ ပိုးပန်းကြမှာလဲ။ အားလိုင်ကို ပိုးပန်းကြရင်း နိုင်ငံ့ရတနာတွေကို အလွဲသုံးစားလုပ်တဲ့ တော်လှန်ရေးအယောင်ဆောင်တွေကြား ပါဝင်ပတ်သက်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဦး။