
လတ်တလောလေးကမှ ထွက်ထားတဲ့ ဒီဇာတ်ကားဟာဆိုရင် အက်ရှင်၊ စွန့်စားခန်း၊ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခု ဖြစ်ပြီးတော့ အွန်လိုင်းက လူကြိုက်များတဲ့ ဂိမ်းကို ယူရိုက်ထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ဂျက်ကီချန်းကား The Accidental Spy တို့၊ Kung Fu Jungle တို့ကို ရိုက်ခဲ့တဲ့ Teddy Chan ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် Hong Kong Nomination Award နှစ်ခု ရထားပြီးတော့ နာမည်ကြီးမင်းသား Peter Ho လည်း ဝင်ရောက်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ တောင်ပိုင်းကျောက် တိုင်းပြည်နဲ့ မြောက်ပိုင်းရန်တိုင်းပြည်တို့ဟာ နယ်မြေလုတိုက်ပွဲတွေ ဖြစ်နေပြီး ငြိမ်ချမ်းရေး ယူထားတာ ဆယ်နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့လည်း အဲ့ငြိမ်းချမ်းရေးက ပြိုလဲစပြုနေပြီး တိုက်ပွဲတွေ ပြန်ဖြစ်မယ့် အခြေအနေကို ဦးတည်နေပါတယ်။ အဲ့လို ဖြစ်အောင် ကြိုးကိုင်နေတဲ့ ကျောက်တိုင်းပြည်က အမတ်တစ်ယောက်က မျိုးနွယ်စုတွေကို ဆင့်ခေါ်ပြီး တိုင်းပြည်ကို ဘယ်လိုတွေ ခလောက်ဆန်မလဲ ဆိုတာတော့ ကိုယ်ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ပါအုံး။ တခြားတော့ အထွေအထူးပြောစရာ မရှိပါဘူး။ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပြီးတော့ သိုင်းကားဆိုတဲ့အတိုင်း ချတဲ့အခန်းတွေကို effect ကောင်းကောင်းနဲ့ ကြည့်ရမှာပါ။ ဘာလို့လဲဆိုတော့ Best Action Award နဲ့ Best Visual Effect Award ရထားတဲ့ ဇာတ်ကားမလို့ပါ။ ဒါကြောင့် သိုင်းကားချစ်သူများဆိုရင် သေချာပေါက် ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။