
ကဲ ဒီတစ်ခေါက်ကတော့ ရွှေပန်းသီးပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်နော်။ ဒီကားလေးက ထွက်ထားတာကြာပြီဆိုပေမဲ့ အားလုံးကစိတ်ဝင်စားနှစ်သက်လိမ့်မယ်လို့ ထင်ပါ တယ်။ ကားလေးရဲ့နာမည်ကတော့ Don’t Breath တဲ့ နာမည်နဲ့လိုက်အောင် ဒီကားလေး ကြည့်နေရင်းနဲ့ အသက်ရှုဖို့မေ့သွားလောက်အောင်ကို စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာတော့ မင်မင်က အာမခံပါတယ်။ ဒီကားလေးထဲမှာပါတဲ့ သူငယ်ချင်း ၃ ယောက်က အိမ်တွေကို လိုက်ပြီး ဖောက်ထွင်းရေး လုပ်တဲ့သူ တွေပေါ့။ တစ်နေ့ သူတို့သွားပြီးဖောက်ထွင်းရေးလုပ်တဲ့ အိမ်က စစ်ပြန်ကြီး တစ်ယောက်ရဲ့ အိမ်ဖြစ်နေတယ်။ အဲ့အိမ်ကြီးကို သွားပြီး ဖောက်ထွင်းရေး လုပ်တဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာပြီး အားလုံးကို စိတ်လှုပ်ရှားမှုနေတွေနဲ့ ပြည့်နှက်နေအောင် ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်သွား မယ့်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းလေးရဲ့နောက်ဆုံးမှာ ဘာတွေဖြစ်သွားလဲ ဆိုတာတော့ ဆက်မပြောပြတော့ဘူးနော်။ အားလုံးနှစ်သက်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။