
ဒီတစ်ခါမှာတော့ ရွှေပန်းသီးပရိသတ်တို့အတွက် Don’t breathe ရဲ့ နောက်ဆက်တွဲ don’t breathe 2 ကို တင်ဆက်ပေးချင်ပါတယ်။ အရင်ကားမှာပါတဲ့ မျက်မမြင် အဖိုးကြီးကပဲ ဒီကားထဲမှာ ဆက်ကြမ်းထားတာပါ။ ကြမ်းရတဲ့အကြောင်းကတော့ သူကိုယ်တိုင် ခေါ်ယူကျွေးမွေးပြီး ပညာတွေသင်ပေးထားတဲ့ Phoenix ဆိုတဲ့ ကောင်မလေးကို လူကုန်ကူးတာတွေ လုပ်နေတဲ့အဖွဲ့က အိမ်ထိလာပြီး တက်ဖမ်းလို့ပါပဲ။ ဒီကောင်မလေးမှပဲ ဘာလို့ လာဖမ်းကြတာလဲ၊ အဖိုးကြီးနဲ့ ကလေးမလေးတို့ လူကုန်ကူးတဲ့အဖွဲ့ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ နာမည်အတိုင်းပဲ အသက်ရှူဖို့ မေ့သွားလောက်အောင်စိတ်ဝင်တစားကြည့်ကြရမှာဖြစ်ပါတယ်