
လူတိုင်းမှာ စွဲလမ်းမှုတွေရှိတတ်ကြပါတယ်။ ကောင်းသောစွဲလမ်းခြင်း ဆိုးသောစွဲလမ်းခြင်း အစရှိသဖြင့်ပေါ့။ တစ်ခါတစ်လေမှာကျတော့ ဆိုးသောစွဲလမ်းခြင်းတွေဖြစ်နေတာကို သိလို့ ကြိုးစားဖြတ်ပေမယ့် အစွဲအလမ်းက မပြတ်နိုင်ပြန်။ တကယ်တော့ အဲ့လိုဖြစ်နေရင် ကိုယ့်စိတ်ကိုဘယ်လိုကျောင်းရမလဲဆိုတဲ့ အသိအလင်းလေးတစ်ခုကိုသိသွားရုံနဲ့ တိကနဲဖြတ်ချနိုင်မှာပါ။ ဆိုတော့ ဇာတ်လမ်းနဲ့ဘာဆိုင်မလဲ မေးစရာရှိလာမယ်။ မေးခွန်းလေးတစ်ခုလောက်မေးပါရစေ။ ညီအစ်ကိုတို့ ပိုးဟပ်ကနေ သိုင်းကားတွေကြည့်ကြတယ်မလား၊ ဘယ်လောက်ကြည့်လေ့ရှိသလဲ၊ ပိုးဟပ်ကိုစွဲလမ်းဖူးကြလား။ ဒီကားလေးထဲမှာတော့ သိုင်းကားတွေကို အလွန်အကျူးစွဲလမ်းနေပြီး မိန်းကလေးအစစ်ထက်တောင် သိုင်းကားကိုပိုကြိုက်နေမိတဲ့ ဂျွန့်အကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဂျွန်ဟာ သိုင်းကားတွေကို အစဉ်မပြတ်ကြည့် လက်သမားလုပ်လေ့ရှိပြီး ကလပ်ထဲ စော်လေးတွေကိုအရယူနိုင်တဲ့ စော်ကြည် စားဘဲကြီးတစ်ယောက်ပါ။ အထည်အလဲ စော်ကြီးစော်လေးတွေကို စားနေရပေမယ့်လည်း သိုင်းကားကြည့်ပြီး လက်သမားလုပ်ရတာလောက် အာသာမပြေဖြစ်နေသူဆိုရင်လည်း မမှားပါဘူး။ ဂျွန့်ရဲ့အမေကတော့ သားဖြစ်သူကို အိမ်ထောင်ပြုပြီး တည်တည်ငြိမ်ငြိမ်နဲ့ နေစေချင်နေပါပြီ။ တစ်ရက်တော့ ဘာဘရာဆိုတဲ့ကောင်မလေးနဲ့ ကလပ်မှာတွေ့ပြီး ဂျွန်တစ်ယောက် သူမှသူဖြစ်သွားပါတော့တယ်။ ဆိုတော့ သိုင်းကားစွဲနေတဲ့ ဂျွန်တစ်ယောက် တကယ်ပဲ ပြောင်းလဲသွားမှာလား။ ဘာဘရာဆိုတဲ့ကောင်မလေးနဲ့ အတည်တွဲဖြစ်သွားပြီး သိုင်းကားတွေကို စွန့်လွှတ်နိုင်မလားဆိုတာတွေကိုတော့ ဘာဘရာတစ်ဖြစ်လဲ MCU ထဲက Black Widow မင်းသမီးကိုငမ်းရင်း ကြည့်နိုင်ပါပြီ။ အပြာဇာတ်ကားမဟုတ်ပေမယ့် လူကြီးခန်းတွေများပြီး အပြောအဆိုကြမ်းလွန်းတဲ့အတွက် Black Bay ကဏ္ဍကနေပဲ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။