
၂၀၂၀ပြည့်နှစ်မှာထွက်ရှိလာပြီး IMDB မှာ 8.9/10 အိန္ဒိယဇာတ်ကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၂၀ပြည့်နှစ် ဇွန်လ ၁၄ ရက်မှာ ဆုံးပါးသွားတဲ့ မင်းသား Sushant Singh Rajput နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အရမ်းကောင်းလွန်းလို့ ဇာတ်လမ်းအကျဉ်း ပြောရမှာကိုတောင် နှမြောမိပါတယ်။ ကင်ဆာရောဂါကိုယ်စီဖြစ်နေတဲ့ စုံတွဲလေးအကြောင်း ရိုမက်တစ်စ်ဆန်ဆန် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ရောဂါအခြေအနေဆိုးဝါးနေချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုဖေးမကူကြမှာလဲ၊ တစ်ယောက်ရဲ့အလိုချင်ဆုံးဆန္ဒတွေကို တစ်ယောက်က ဘယ်လိုဖြည့်ဆည်းပေးကြမှာလဲ၊ သူတို့နှစ်ယောက်ဟာ ငယ်ငယ်တုန်းက အဘွားတွေပြောကြတဲ့ နတ်သမီးပုံပြင်ထဲက မင်းသားလေးနဲ့မင်းသမီးလေးလို နောက်ဆုံးမှာတူတူနေသွားကြပြီး ပျော်ရွှင်တဲ့ဇာတ်သိမ်းခန်းလေးဖြစ်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါခင်ဗျား (ကျွန်တော် Chan Hsu ပါ)