
ဘက်သဇာ ဘရက်ဟာ ၁၉၈၀ ခုနှစ်လောက်က အကျော်ကြားဆုံး ဗီလန်ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့ကိုအားပေးကြတဲ့ ပရိတ်သတ်တွေလည်းအများကြီးရှိခဲ့ပါတယ်။ သူဟာ ကလေးဘဝတုန်းကအောင်မြင်ခဲ့ပေမယ့်လည်း အရွယ်ရောက်လာတဲ့အခါမှာတော့ အသက်အရွယ်အရ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး အဲ့ဒီအချိန်မှာ ဟောလိဝုဒ်ကရုပ်ရှင်အစည်းအရုံးက သူသရုပ်ဆောင်တဲ့ တီဗွီအစီအစဥ်ကိုဖြုတ်ချခဲ့ပစ်လိုက်တဲ့အတွက် ဘရက်ရဲ့ကျော်ကြားမှုတွေကလည်း သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ဘရက်ဟာ သူ့ကိုဖြုတ်ချခဲ့တဲ့အတွက် ဟောလိဝုဒ်တစ်ခွင်ကို အငြိုးကြီးစွာနဲ့ ဖျက်ဆီးပစ်ဖို့ကြံပါတော့တယ်။ ဒီတစ်ခါမှာတော့ ဂရူးဟာ ဘက်သဇာ ဘရက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး Despicable Me 3 မှာဇာတ်ကောင်အသစ်အနေနဲ့ ပါဝင်လာတာကတော့ ဂရူးရဲ့အမွှာညီအစ်ကို ဒရူးပဲဖြစ်ပါတယ်။ ဂရူးကိုယ်တိုင်ကလည်း သူ့မှာ အမွှာညီအစ်ကိုရှိမှန်း အစကမသိခဲ့ပါဘူး။ ဒရူးဟာဆိုရင် သူ့တို့နှစ်ယောက်ရဲ့ အဖေလိုမျိုး ဗီလန်တစ်ယောက်ဖြစ်ချင်တဲ့အတွက် ဂရူးကို ဗီလန်တစ်ယောက်ရဲ့အရည်အချင်းတွေကိုသင်ပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဂရူးကလည်း သူ့ရဲ့အလုပ်ကိုပြန်ရဖို့ကြိုးပမ်းရင်း အမွှာညီအစ်ကိုနှစ်ယောက်ပေါင်းပြီး ဘက်သဇာ ဘရက်ကို ဘယ်လိုတွေတိုက်ထုတ်ကြမလဲ။ နေထိုင်မှုပုံစံတွေရော အကျင့်တွေရော လုံးဝမတူကြတဲ့ ဂရူးတို့အမွှာညီအစ်ကိုနှစ်ယောက် ဘယ်လိုနှစ်ပါးသွားကြပြီး ဘာတွေမွှေကြမလဲဆိုတာကို Despicable Me ရဲ့ထုံးစံအတိုင်း ဟာသလေးတွေရောနှောတင်ဆက်မှုတွေကြောင့် ကြည့်ရှုသူတိုင်းအတွက် စိတ်ကျေနပ်မှုရစေမှာမို့ အခုပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။
Movies Name | Webpage | Telegram Link |
---|---|---|
Despicable Me (2010) | Click Here | Click Here |
Despicable Me 2 (2013) | Click Here | Click Here |
Despicable Me 3 (2017) | Click Here | Click Here |
Minions (2015) | Click Here | Click Here |
Minions: The Rise of Gru (2022) | Click Here | Click Here |