
Despicable Me 2 ဟာဆိုရင် the Best Animated Flim Oscar ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် IMDb rating 7.3 အထိရရှိထားပြီး ကလေး၊ လူကြီး၊ လူငယ်မရွေး လူကြိုက်အရမ်းများခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အကြင်နာတရားမဲ့သူကြီး ဂရူးဟာ သူမွေးစားခဲ့တဲ့ ကလေးမလေး ၃ ယောက်ကြောင့် ပြောင်းလဲသွားခဲ့ပါပြီ။ အဲ့ဒီကလေးမလေး ၃ ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် ဖခင်တစ်ယောက်အနေနဲ့ ဂရူးက သူ့ရဲ့ဗီလန်ဘဝကြီးကို စွန့်လွှတ်ပစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဗီလန်ပပျောက်ရေးအဖွဲ့ချုပ် (AVL) က ဖော်ထုတ်ရခက်နေတဲ့ ဗီလန်တစ်ယောက်ကို ဖမ်းပေးဖို့အတွက် ဂရူးဆီကို အလုပ်ကမ်းလှမ်းလာခဲ့ပါတယ်။ ဂရူးဟာ အဲ့ဒီအလုပ်ကို AVL က အေးဂျင့်တစ်ယောက်ဖြစ်တဲ့ လူစီနဲ့အတူ တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဂရူးနဲ့ လူစီတို့ သံယောဇဉ်တွေတွယ်ပြီး ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဂရူးတစ်ယောက် အမှုဖြေရှင်းရင်း ဘယ်လိုအခြေအနေတွေကို ရင်ဆိုင်သွားရမလဲ ဆိုတာကို အမိုက်စား animation တွေနဲ့ တစ်ဝကြီး ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မီနီယမ်လေးတွေနဲ့ ဟာသဆန်ဆန်လေးတွေ ရောနှောထားတာကြောင့် ဘဝအမောတွေကိုပြေပျောက်စေမှာ အမှန်ပါပဲ။ ဒါကြောင့် များများစားစားပြောမနေတော့ပါဘူး။ လက်မလွှတ်ဘဲ ကြည့်ဖူးသင့်တဲ့ဇာတ်ကားဖြစ်တာမလို့ အခုပဲခံစားကြည့်ရှုလိုက်ကြပါနော်။
Movies Name | Webpage | Telegram Link |
---|---|---|
Despicable Me (2010) | Click Here | Click Here |
Despicable Me 2 (2013) | Click Here | Click Here |
Despicable Me 3 (2017) | Click Here | Click Here |
Minions (2015) | Coming Soon… | Coming Soon… |